Wednesday 23 December 2015

ဒီချုပ်ကို မဲထည့်ရန် ညွှန်ပြသည်ဆိုပြီး မဲရုံဝန်ထမ်းကျောင်းဆရာမအား ပြည်ခိုင်ဖြိုးတရားစွဲမှုစတင်စစ်ဆေး

NLD ပါတီအမှတ်တံဆိပ်ပါသည့် အကွက်ကို မဲ ထည့်ရန် ညွှန်ပြသည်ဟုဆိုကာ မဲရုံဝန်ထမ်းကျောင်းဆရာမတစ် ဦးအား ပြည်ခိုင်ဖြိုးပါတီမဲရုံကိုယ်စားလှယ်က ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၂၂ ၌ ဒုတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်။
အဆိုပါတရားစွဲဆိုခံထားရ သည့် မူလတန်းပြဆရာမသည် မဲ ရုံတွင် ပြည်သူ့လွှတ်တော်မဲလက်မှတ်ထုတ်ပေးသည့် တာဝန်ကျသူ ဖြစ်ပြီး တရားလိုဖြစ်သူ ပြည်ခိုင် ဖြိုးပါတီမှ ဦးကောင်းမြတ်ကျော် မှာ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်၏ မဲရုံကိုယ်စားလှယ် ဖြစ်ကြောင်း သိရသည်။

‘‘သူတို့ရဲ့ စွဲဆိုချက်က ကျွန် မကပဲ NLD ဘက်ကို လက်ညှိုး ထောက်ပြီးတော့ အဲဒီပါတီကို ထည့်ခိုင်းတယ်ဆိုပြီးတော့ စွပ်စွဲ ချက်တင်ထားတာပါ။ ပုဒ်မက ၆၁ (ခ)နဲ့ပါ။ ကျွန်မတို့ သင်တန်း ပေးထားတဲ့ အထဲမှာလည်း အဲဒါ ကမပါဘူး။ မဲရုံမှူးကလည်း ကျွန် မတို့ကို ပြောပြထားတယ်။ မသိ လို့သော်လည်းကောင်း၊ သူတို့က တမင်သော်လည်းကောင်း၊ နားမ လည်လို့သော်လည်းကောင်း မေး လိမ့်မယ်။ မေးလာခဲ့ရင် ဆရာမတို့အနေနဲ့ အကွက် သုံးကွက်ပါတယ်။မိမိနှစ်သက်တဲ့အကွက်ကို ဆန္ဒပြု လိုက်ပါလို့မှာထားလို့ ကျွန်မက လည်း အဲဒါကိုပဲ ပြောပြခဲ့တာပါ။ ကျွန်မက နိုင်ငံတော်က ထမ်းဆောင်ခိုင်းလို့ ဒီတာဝန်ကို ထမ်းဆောင် တာပါ။ ကျွန်မတို့က ကော်မရှင်က ခိုင်းလို့လည်းလုပ်တာပါ။ နိုင်ငံ ရေးလည်း နားမလည်ပါဘူး။ ၀န် ထမ်းလုပ်လာတာလည်း (၁၆) နှစ်ရှိပါပြီ’’ဟု တရားစွဲဆိုခံထားရ သည့် မူလတန်းပြဆရာမ ဒေါ်ဝင်း ဌေးက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ပုဗ္ဗ သီရိမြို့နယ်တရားရုံး၌ ပထမရုံး ချိန်းစတင်စစ်ဆေးခဲ့ပြီး ယခုဒုတိယအကြိမ်ရုံးချိန်းတွင် အပြန်အလှန်မေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း တရားစွဲဆိုခံထားရသည့် ဆရာမဘက်မှလိုက်ပါ ဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးကျော်သောင်းက ဆိုသည်။

ယခုဖြစ်ပွားခဲ့သည့်အမှုတွင် တရားလိုဖြစ်သူ ဦးကောင်းမြတ် ကျော်သည် ၎င်း၏ ပါတီ၌ အ ချိန်အတော်ကြာစစ်ဆေးမှုများပြု လုပ်ခဲ့ကြောင်းနှင့် ဦးကောင်းမြတ်ကျော်က ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်တွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝေလွင်၏ ရွေး ကောက်ပွဲကိုယ်စားလှယ် ဦးနေ အောင်တို့နှင့်အတူ ပုဗ္ဗသီရိမြို့ နယ် ထုံးဘိုရဲစခန်းသို့ အမှုဖွင့်ခဲ့ သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

‘‘ဒီနေ့က ကျွန်တော်တို့ဘက် က ပြန်လှန်မေးတယ်။ အဲဒီအတွက် ဆန္ဒမဲလက်မှတ်ထည့်ခဲ့ရတယ်ဆိုတဲ့ သူကို ဒီမဲရုံရဲ့ အခြေအနေ၊ မဲရုံထဲက သူတွေဘယ်လိုနေတယ်။ ဘယ်လိုထိုင်တယ်။ ၀န်ထမ်းတွေက ဘယ်လိုရှိတယ်ဆိုတာတွေကို ကျွန်တော်တို့က မှန်တာတွေပဲမေးခဲ့တာပါ’’ဟု အထက်တန်းရှေ့နေ ဦးကျော်သောင်းက ပြောသည်။

တရားစွဲဆိုထားသည့် ကို ကောင်းမြတ်ကျော်သည် အမျိုး သားလွှတ်တော် မဲရုံမှူးဖြစ်ပြီး တရားစွဲဆိုခံထားရသည့် မူလတန်းပြဆရာမသည် ပြည်သူ့လွှတ်တော်အတွက် မဲလက်မှတ်ထုတ်ပေးသည့် တာဝန်များလုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်မှ မဲရုံကိုယ်စားလှယ်က တရားစွဲဆိုခြင်းမပြုဘဲ အမျိုးသားလွှတ်တော်မဲရုံမှူးကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံထားရသည့် မူ လတန်းပြဆရာမသည် ယခင်ရှမ်း ပြည်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် အသင်းဝင်ဖြစ်ခဲ့ဖူးသည်။

တတိယအကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၂၉ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

7Day Daily

No comments:

Post a Comment