Wednesday 23 December 2015

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည့် အနှေးယာဉ်လုပ်သားများအား မဲနှိုက်ရွေးချယ်

မဲဆွယ်စည်းရုံးရေးကာလက NLD ကို အားပေးထောက်ခံနေကြသည့် အနှေးယာဉ်လုပ်သားအချို့ (ဓာတ်ပုံ - နစ်ကီ)
ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့ သော ရန်ကုန်တိုင်းအတွင်းရှိ အ နှေးယာဉ်လုပ်သားများနှင့် ဒေါ် အောင်ဆန်းစုကြည်တို့တွေ့ဆုံပွဲ သို့ တက်ရောက်မည့် အနှေးယာဉ်လုပ်သားများအား မဲစနစ်ဖြင့် ရွေး ချယ်ခြင်းကို မြို့နယ်အချို့တွင် စ တင်ပြုလုပ်နေပြီဖြစ်ကြောင်း သ တင်းရရှိသည်။
ရန်ကုန်မြို့၌ ဒီဇင်ဘာ ၂၆ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် ရန်ကုန်တိုင်းအတွင်းရှိ အနှေးယာဉ်လုပ်သားများတွေ့ဆုံ မည်ဖြစ်ကာ မြို့နယ်တစ်မြို့နယ် လျှင် အနှေးယာဉ်လုပ်သား ငါးဦး စီ ကိုယ်စားပြု၍ တက်ရောက်ကြမည်ဖြစ်သည်။

‘‘ဂိတ်တစ်ဂိတ်ကို ကိုယ်စား လှယ်တစ်ဦးကို သူတို့(အနှေး ယာဉ်လုပ်သားတွေ)ဘာသာ သူ တို့ရွေးတယ်။ အဲဒီသူတွေထဲမှာ ငါးဦးကို မဲနှိုက်ပြီး ပြန်ရွေးတာ’’ဟု လှိုင်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ကျော် ကျော်ဦးက ပြောသည်။

လှိုင်မြို့နယ်အတွင်း အနှေး ယာဉ်ဂိတ် ၅၉ ဂိတ်ရှိပြီး ဂိတ်တစ်ဂိတ်လျှင် ကိုယ်စားလှယ် တစ်ဦး စီရွေးချယ်စေကာ ယင်းကိုယ်စား လှယ် ၅၉ ဦးအနက် ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်မည့်သူ ငါးဦးကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်ခြင်း ဖြစ်သည်ဟု ဦးအောင်ကျော် ကျော်ဦးထံမှ သိရသည်။

‘‘တက်မယ့် ငါးဦးကိုတော့ ကျွန်တော်တို့ရုံးမှာ ခေါ်တွေ့ပြီး ဥက္ကဋ္ဌ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့တဲ့အခါ တင်ပြမယ့်အ ကြောင်းအရာတွေကို တက်မယ့် ငါးဦးစုပြီး အစည်းအဝေးလုပ်ကြ ပါလို့တော့ ပြောပြထားပါတယ်’’ ဟု ဦးအောင်ကျော်ကျော်ဦးက ဆိုသည်။

လမ်းမတော်မြို့နယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လည်း မြို့နယ်အတွင်းရှိ အနှေး ယာဉ်ဂိတ်များမှ တွေ့ဆုံပွဲသို့ တက်ရောက်မည့်သူ ငါးဦးကို မဲ စနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိစွာ ရွေးချယ်ထားကြောင်း ယင်းမြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးမှ သိရသည်။

ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်စည်းရုံးရေးကာလများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးမဲဆွယ်စည်းရုံးမှု များတွင် ရန်ကုန်တိုင်းအတွင်းရှိ အနှေးယာဉ်လုပ်သားများက အခ မဲ့စေတနာဖြင့် လိုက်ပါကူညီ ဆောင်ရွက်ပေးမှုများရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ရွေးကောက်ပွဲတွင် ကူညီပေးခဲ့သော ရန်ကုန်တိုင်းအတွင်းရှိ အနှေးယာဉ်လုပ်သားများအား မကြာသေးမီ ကာလများအတွင်း အောင်နိုင်ရေးအတွက် ကူညီပေးခဲ့မှုကို အသိအမှတ်ပြုသည့်အနေဖြင့် ကိတ်မုန့်များကို လက်ဆောင်ပို့ပေးခဲ့သည်။

7Day Daily

No comments:

Post a Comment