Wednesday 23 December 2015

ပါတီစည်းမျဉ်းများကို ဒီချုပ် ပြင်ဆင်တင်းကျပ်

အစိုးရသစ်ဖွဲ့စည်းတော့ မည့် ရွေးကောက်ပွဲအနိုင်ရ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီစည်းမျဉ်းများကို ပြင်ဆင် တင်းကျပ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ ပါတီဝင်များအနေဖြင့် ပါတီမှနေ၍ စာဖြင့်သတိပေးခြင်း ခံရရုံမျှဖြင့် ခြောက်လအထိ အ ဆင့်မြင့်တာဝန်များ ထမ်းဆောင် ခွင့်ပိတ်ပင်သည့် ပြစ်ဒဏ်ကို ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ် သော ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ကျပ်တစ်သောင်းမှ တစ်သိန်းအထိ ဒဏ်ငွေချမှတ်ခြင်း၊ ဒဏ်ငွေမဆောင်ပါက အဖွဲ့ ချုပ်၏ တာဝန်အသီးသီးမှ ထုတ်ပယ် သည်အထိ ပြစ်ဒဏ်ကို ပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများ အခန်း(၅) ပြစ်ဒဏ်ချမှတ်ခြင်း ပုဒ်မ (၈) (၁) (က)နှင့် (ခ)တို့ကို အထက်ပါအတိုင်း ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ယခင်က စာဖြင့်သတိပေး ခြင်း၊ ဒဏ်ငွေ ချမှတ်ခြင်းနှင့် ယာယီတာဝန်ကို ကာလသတ် မှတ်၍ ဖြစ်စေ၊ မသတ်မှတ်ဘဲဖြစ် စေ ရပ်ဆိုင်းခြင်း၊ ဒဏ်ငွေချမှတ် ခြင်းဟု ပါရှိထားသည့်အချက်များ ကို ယခုပြစ်ဒဏ်များဖြင့် ပြင်ဆင် ခဲ့ခြင်းလည်းဖြစ်သည်။

ဒီချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင် ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် နေ ပြည်တော်ရှိ အစိုးရ၀န်ထမ်းအချို့ နှင့် တွေ့ဆုံစဉ် ထိုသို့တင်းကျပ် မည့်အကြောင်း ကြိုတင်ပြော ကြားခဲ့သည်။

‘‘နိုင်ငံကို အစိုးရလုပ်မယ့်သူ တွေ အပိုးကျိုးမှ နိုင်ငံသူ၊ နိုင်ငံ သားတွေ ခံသာမယ်။ အဲ့ဒီအ တွက်ကြောင့် ကျွန်မ ပြည်သူကို ကတိပေးထားတဲ့အတိုင်း အဖွဲ့ ချုပ်က လူတွေဆိုးလို့ရှိရင် ကျွန်မ ပဲဆုံးမပါ့မယ်။ ကျွန်မဘက်ကနေ ပြီးတော့ ကျွန်မကတိပေးထားတဲ့ အတိုင်း အဖွဲ့ချုပ် (NLD)က လူ တွေကို အပိုးကျိုးအောင်လုပ်ဖို့က ကျွန်မတာဝန်တစ်ခုအနေနဲ့ လုပ် ထားပါတယ်’’ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားပြီး နှစ်ရက်အကြာတွင် ပြုလုပ်သော ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ အစည်းအဝေး၌ ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒီချုပ်သည် ပါတီ၏ အား ထားရသော အရန်ဗဟိုအလုပ်အ မှုဆောင် ဒေါက်တာသိန်းလွင်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြိုတင်သဘောတူညီချက်မရှိဘဲ အခြား အဖွဲ့အစည်းတစ်ခုတွင် ဦးဆောင်ပါဝင်မှုဖြင့် ယခုနှစ် ဆန်းက အရေးယူခဲ့ဖူးသည်။

7Day Daily

No comments:

Post a Comment