Wednesday 23 December 2015

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန် ပြင်ဆင်

တရုတ်နိုင်ငံနှင့် နယ် စပ်ကုန်သွယ်ရာတွင် အရေးပါ သည့် မူဆယ်-မန္တလေးကားလမ်း ကြောင်း၌ ကုန်တင်ကားကြီးများ သွားလာမှုများလျှင် ယာဉ်ကြောပိတ်ဆို့လေ့ရှိသော ပြဿနာကို ဖြေရှင်းရန် စက်ယန္တရားများ အဆင့်သင့်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
ကားလမ်းကျဉ်းသည့်နေရာ များတွင် ကားပျက်ခြင်း၊ ကားလမ်းချော်ခြင်းနှင့် စည်းကမ်းမဲ့ကျော် တက်မောင်းနှင်ခြင်းကဲ့သို့ ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပေါ်စေသည့် အခြေအနေများ၌ လမ်းကြောင်းပိတ်ဆို့နေသည့် ယာဉ်ကို ရှင်းလင်းဖယ်ရှားနိုင်ရန် ကရိန်းဝန်ချီစက်ကဲ့သို့ စက်ယန္တရားကြီးများ အဆင်သင့်ပြင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူ ဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ သိန္နီ စသည့် လမ်းကျဉ်းများနှင့် တောင် စောင်းအကွေ့အတက်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားတတ်သည့် နေရာများတွင် စက်ယန္တရားများ ခွဲခြားချထား ကြောင်း တာဝန်ရှိသူက ပြော သည်။
‘‘ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်ပွားအောင် ဘယ်လိုဖြေရှင်း နိုင်မလဲဆိုတာ အဖြေရှာနေပါ တယ်။ လတ်တလော ယာဉ်ကြော ပိတ်ခဲ့ရင်တောင် ဆိုးဆိုးရွားရွား မဖြစ်စေဖို့ စက်ယန္တရားကြီးတွေနဲ့ အဆင်သင့်ပြင်ဆင်ထားပါတယ်’’ဟု အထက်ပါတာဝန်ရှိသူက ဆို သည်။
မူဆယ်-မန္တလေးနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ပွင့်လင်းရာသီကုန်တင်ကားကြီး သွားလာမှုများချိန်၌ ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပွား နေပြီး ယခုလဆန်းကလည်း ကွတ်ခိုင်နှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကြားတွင် သုံးရက်ခန့်ကြာမြင့်သည်အထိ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
ကုန်တင်ယာဉ်များကို အာ ဆီယံစံနှုန်းအတိုင်း တင်ဆောင် ရန် ကုန်တန်ချိန်များ သတ်မှတ်ခဲ့ ပြီးနောက် လွန်ခဲ့သည့် ၂ နှစ်ခန့် မှစတင်ကာ မူဆယ်-မန္တလေး လမ်းကြောင်းတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းဖြစ် ပြီး တစ်ခါတစ်ရံ၌ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ရေထွက်ကုန်နှင့်ကုန်စိမ်းသီးနှံများ ပုပ်သိုးပျက်စီး ခြင်းများ ကြုံတွေ့နေရကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများက ဆိုသည်။
7Day Daily

No comments:

Post a Comment