Wednesday 23 December 2015

နိုင်ငံတော် အကြီးအကဲတာဝန်နှင့် အစိုးရတာဝန် လွှဲပြောင်းရေး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်အကြီးအကဲ တာဝန်နှင့် အစိုးရတာဝန်လွှဲပြောင်းရေးအတွက် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် (NLD) ၏ အသွင်ကူးပြောင်းရေးကော်မတီတို့သည် ဒီဇင်ဘာ ၂၂ ရက်က ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံပွဲကို အစိုးရအဖွဲ့ ဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ သမ္မတပြောရေးဆိုခွင့် ရှိသူ ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ပြီး NLD ဘက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်း ထိန်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့ တက်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်က နိုင်ငံ တော်အကြီးအကဲတာဝန်နှင့် အစိုးရတာဝန်လွှဲပြောင်းရေးဆိုင်ရာအ စည်းအဝေးကို ပထမအကြိမ်ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သော်လည်း ဒုတိယအကြိမ်အစည်းအဝေးကိုမူ တက်ရောက်ခဲ့ခြင်းမရှိပေ။

7Day Daily

No comments:

Post a Comment