Wednesday 23 December 2015

လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ လေးထောင်ခန့်ရှိ

လာမည့် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အ စည်းများက ကျပ်ငွေဘီလီယံ နှစ်သောင်းတစ်ထောင်ကျော် သုံး စွဲမည်ဖြစ်၍ ဘတ်ဂျက်လိုငွေ ကျပ်ဘီလီယံ သုံးထောင့်ကိုးရာ ကျော် ရှိမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ ပြည်ထောင်စုအစိုးရအ ဖွဲ့မှ တင်သွင်းလာသည့် ၂၀၁၆ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်းတွင် ဖော် ပြထားသည်။

ယခင်ဘဏ္ဍာနှစ်များက ဖေ ဖော်ဝါရီလနှောင်းပိုင်းမှသာ ယင်း ဥပဒေကြမ်းကို တင်သွင်းလေ့ရှိ သော်လည်း ယခုနှစ်တွင် အစိုးရ အပြောင်းအလဲ လုပ်ငန်းစဉ်များရှိ သဖြင့် ယခုလွှတ်တော်သက်တမ်း မကုန်မီကာလအတွင်း တင်သွင်း ခဲ့ခြင်းဖြစ်သည။်

အစိုးရသစ် သုံးစွဲရမည့် ဘဏ္ဍာငွေများကို လက်ရှိအစိုးရ ၀န်ကြီးများက တည်ဆဲဖွဲ့စည်းပုံ များအတိုင်း သုံးစွဲရန် ဥပဒေကြမ်း ရေးဆွဲတင်ပြခဲ့ခြင်းဖြစ်ကာ ယင်း အသုံးစရိတ်တွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရအဖွဲ့များသို့ ပြည် ထောင်စု အစိုးရ၏ ထောက်ပံ့ငွေများပါရှိကြောင်း ဖော်ပြထားသည်။

လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများမှ ချေးယူထားသော ကျပ်ငွေ ၁၈၆ ဘီလီယံကို ၀န်ကြီး ဌာနနှင့်ဗဟိုအဖွဲ့အစည်း ၁၇ ဖွဲ့က သုံးစွဲမည်ဖြစ်ကြောင်းဖော်ပြပါရှိသည။်

ဘတ်ဂျက်လိုငွေသည် ယခု သုံးစွဲနေသော ဘဏ္ဍာနှစ်တွင်ကျပ်ဘီလီယံ ၃,၆၀၀ ကျော်ရှိပြီး လာမည့်ဘဏ္ဍာနှစ်တွင် လိုငွေ ကျပ်ဘီလီယံ ၃,၉၀၀ ကျော်ရှိမည်ဖြစ်သဖြင့် လိုငွေ ကျပ်ဘီလီယံ ၃၀၀ ခန့်ပိုမိုလာခဲ့သည်။

ထို့အပြင်လာမည့်ဘဏ္ဍာနှစ် အတွင်း နိုင်ငံတကာအဖွဲ့အစည်း များ ပြည်ပ နိုင်ငံများမှ ကူညီ ထောက်ပံ့ငွေကျပ်ဘီလီယံ ၃၅၀ ကျော်ရရှိမည်ဖြစ်ပြီး ယင်းငွေကြေး များကို ၀န်ကြီးဌာနများနှင့် ဗဟို အဖွဲ့အစည်း ၂၂ ဖွဲ့က အသုံးပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာနမှ တင် သွင်းလာသည့် ယင်းဥပဒေကြမ်း ကို သေချာစွာ စိစစ်ဖြတ်တောက် နိုင်ရန် သက်ဆိုင်ရာကော်မတီများ က ဂရုတစိုက်ဆောင်ရွက်ရန်လို ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြော ကြားထားသည်။

ယခင်ဘဏ္ဍာနှစ်များက အ စိုးရအဖွဲ့သုံးစွဲရမည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများကို အစိုးရအဖွဲ့က ဖေဖော်ဝါရီနောက် ဆုံးပတ်ခန့်တွင် လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က မတ် လအတွင်း ဆွေးနွေးဆုံးဖြတ်ကာ ဘတ်ဂျက်နှစ်အစဖြစ်သော ဧပြီ ၁ ရက်မှစတင်အသုံးပြုရခြင်းဖြစ် သည်။

သို့သော် အစိုးရအကူးအ ပြောင်းဖြစ်သောယခုနှစ်တွင်နောင် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်ဆိုင်ရာ အရအသုံးဥပဒေများအပြင် ယင်းဘဏ္ဍာနှစ်အ တွက် အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းများကိုလည်း အတည်ပြုပေး ရမည်ဖြစ်သည်။

လက်ရှိအစိုးရစတင်တာဝန် ယူသည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ် တွင်လည်း ဦးသိန်းစိန်အစိုးရက စတင်သုံးစွဲရမည့် ဘဏ္ဍာငွေများ ကို ယခင် အစိုးရက ရေးဆွဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment