Wednesday 23 December 2015

အိမ်ရှင်၊ အိမ်ငှားမပြေလည်ရာမှ အိမ်ငှားအမျိုးသမီးက အိမ်ကိုမီးရှို့

မီးလောင်မှုကို လာရောက်ငြှိမ်းသတ်သည့် မီးသတ်ယာဉ်များ(ဓာတ်ပုံ-မိုးကျော်)
မကွေးမြို့ အောင်မေတ္တာ (က)ရပ်ကွက် (၁၅)လမ်းတွင် အိမ်ရှင်နှင့် အိမ်ငှား မပြေလည် ခြင်းကြောင့် အိမ်ငှားအမျိုးသမီး က ငှားထားသော အိမ်ကိုဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီခွဲတွင် မီးရှို့ခဲ့ ကြောင်း သတင်းရရှိသည်။
အိမ်ပိုင်ရှင်က အိမ်ဆက် လက်မငှားတော့ကြောင်း အကြိမ် ကြိမ်ပြောခဲ့သော်လည်း အိမ်ငှား အမျိုးသမီးက ဖယ်မပေးခဲ့ဘဲ အိမ်ရှင်နှင့် အိမ်ငှား ပြဿနာဖြစ် ပွားခဲ့သည်။ ထို့နောက် အိမ်ငှား အမျိုးသမီးက အိမ်ကိုမီးနှင့်ရှို့မည် ဟု ပြောဆိုခဲ့ခြင်းကြောင့် ဘေး ပတ်ဝန်းကျင်မှ ဂရုပြုစောင့်ကြည့် နေခဲ့ကြရာ ဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီခွဲကျော်တွင် မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အနီးဝန်းကျင်၌ နေထိုင်သည့် ရပ်ကွက်သားများက ပြောသည်။

‘‘အဲဒီအမျိုးသမီးက အရက် လည်းမူးနေတယ်။ အိမ်မီးနဲ့ရှို့ မယ်လို့ကြိမ်းနေတော့ ကျွန်တော် တို့ စောင့်ကြည့်နေပြီး တကယ် လည်းမီးရှို့ရော မီးငြှိမ်းဖို့သွား တော့ အိမ်ထဲကိုအ၀င်မခံဘူး။ ဓားကိုင်ပြီးအိမ်ထဲမ၀င်ဖို့ ပြော တယ်။ အဲဒါနဲ့မီးသတ်ကားမလာ ခင်အပြင်ကပဲ ရေပိုက်တွေနဲ့ပက် ရတာ။ နောက်တော့ မီးသတ်ကား က တန်းရောက်လာတာပါ’’ဟု အိမ်နီးနားချင်းရပ်ကွက်သားတစ် ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုကို မကွေးမြို့နယ်မီးသတ်မှ မီးသတ်ကား ခုနစ်စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး နေအိမ်မီးရှို့ခဲ့သူ အမျိုးသမီးအား မကွေးမြို့အမှတ် (၂) ရဲစခန်းက ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment