Wednesday 23 December 2015

မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းပထမအဆင့် ဇန်န၀ါရီတွင် စတင်ဖွင့်လှစ်မည်

လမ်းနှင့် အခြေခံအ ဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးပြီဖြစ်၍ မူဆယ်ဗဟိုစီးပွားရေးဇုန်စီမံကိန်း ပထမ အဆင့်ကို ဇန်န၀ါရီ ၁၉ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံကိန်းအကောင်အထည်ဖော် နေသည့် နယူးစတားလိုက်ကုမ္ပ ဏီမှ သတင်းရရှိသည်။
မင်္ဂလာမူဆယ်လမ်း လျှောက်ဈေးနှင့် လူနေဆိုင်ခန်း ၁၉၂ ခန်းပါဝင်သည့် မူဆယ်ဗဟို စီးပွားရေးဇုန်စီမံကိန်း ဇုန် (၁)၊ အပိုင်း (အေ)၏ တည်ဆောက် ရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အခြား အဆောက်အအုံများကိုလည်း လာမည့် ၂၀၁၆ အတွင်း ထပ်မံ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထား ကြောင်း နယူးစတားလိုက်ကုမ္ပဏီ ၏ စီမံကိန်းဒါရိုက်တာ ဦးငွေစိုး က ပြောသည်။

မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်း (Muse Centreal Business District) ကို ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့အနီးရှိ မြေဧက ၂၉၀ ကျော်ပေါ်တွင် ၂၀၁၃ က စတင်၍ အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

စီမံကိန်းဧရိယာသည် တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ် ကမ်းနဖူးတွင် တည်ရှိပြီး ယင်းစီမံ ကိန်းကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီတို့အကျိုးတူ တည်ဆောက်ခြင်းဖြစ်သည်။

စီမံကိန်းအကောင်ထည် ဖော်တည်ဆောက်မည့် မြေနေရာ များအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ မြေယာအသုံးပြုခငွေ ကျပ်သိန်း ၁၉,၀၀၀ ကျော်ကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၆- ၁၇ ဘဏ္ဍာရေးအတွင်း အကျေ ပေးသွင်းရမည်ဖြစ်ကြောင်း နယူး စတားလိုက်ကုမ္ပဏီမှ သိရှိရ သည်။ ထို့အပြင် စီမံကိန်းဧရိယာ အတွင်း ပါဝင်သော မြေယာများ အတွက် မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ နှင့် ၂၄၀ ကြား နစ်နာကြေး ငွေပေးအပ်ခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။

သို့သော်စီမံကိန်းအကောင် အထည်ဖော်နေသည့် မြေဧက ၂၉၀ ကျော်အနက် ၁၂ ဧက ကျော်အတွက် နစ်နာကြေးလာရောက် ထုတ်ယူခြင်းမရှိသေးဘဲ ညှိနှိုင်း နေဆဲဖြစ်ကြောင်း နယူးစတား လိုက်ကုမ္ပဏီတာဝန်ရှိသူများက ပြောသည်။

မူဆယ်ဗဟိုစီးပွားရေးဇုန်စီ မံကိန်းတည်ဆောက်မှုများကို အ ပိုင်း (၆) ပိုင်း ခွဲခြားထားပြီး လူနေ ဆိုင်ခန်း၊ ဟိုတယ်၊ လမ်းလျှောက်ဈေး၊ အိမ်ရာ၊ ကျောက်မျက်ဈေး နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အ ဆောက်အအုံများ ပါဝင်မည်ဖြစ် ကာ စီမံကိန်းတစ်ခုလုံး၏ အခြေခံ အဆောက်အအုံတည်ဆောက် ခြင်းလုပ်ငန်းများသည် ၂၀၁၇ တွင်ပြီးစီးမည်ဖြစ်ကြောင်း ဦးငွေစိုးက ပြောသည်။ လာမည့်နှစ်အတွင်းကျောက်မျက်ဈေးနှင့် ကြယ်သုံးပွင့်အဆင့်အထက်ရှိ IBIS Styleဟိုတယ်တို့ကို ထပ်မံဖွင့်လှစ်နိုင် မည်ဟု ဦးငွေစိုးက ပြောသည်။

မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းမှ လတ်တလောရောင်းချ နေသည့် လမ်းလျှောက်ဈေးနှင့် လူနေဆိုင်ခန်းများသည် ဈေးနှုန်းမြင့် မားနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မူဆယ်မြို့ခံများက ၀ယ်ယူမှုနည်းပါးနေသေးကြောင်း မြို့ခံကုန်သည်တစ်ဦးက ပြောသည်။

မူဆယ်မြို့သည် တရုတ်- မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးတွင် အဓိကအရေးပါပြီး မြန် မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန် သွယ်ရေးမြို့ဖြစ်သည်။

မူဆယ်မြို့တွင် အကောင် ထည်ဖော်နေသည့် မူဆယ်ဗဟို စီးပွားရေးဇုန်စီမံကိန်းကို ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သုံးနှစ်အတွင်း တတိယအကြိမ် အဖြစ် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်တွင် လာရောက်ကြည့်ရှုခဲ့သည်။

7Day Daily

No comments:

Post a Comment