Wednesday 23 December 2015

အဆိုးရွားဆုံးအမှားကိုလုပ်ခဲ့ပေမယ့် လာမယ့် Miss Universe ပွဲမှာလည်း အစီအစဉ်မှူးအဖြစ် တာဝန်ယူပေးဖို့  Steve Harvey ကမ်းလှမ်းခံရ

2015 Miss Universe ပွဲမှာ ဧရာမအမှားကြီးကို လုပ်မိခဲ့ပေယ့်လည်း Steve Harvey ဟာ မယ်စကြ၀ဠာပြိုင်ပွဲကို အစီအစဉ်မှူးအဖြစ် ထပ်မံတာဝန်ယူပေးဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ အသက် ၅၈ နှစ်အရွယ်၊ ဟာသသရုပ်ဆောင် Steve Harvey ဟာ လာရောက်ကြည့်ရှူနေတဲ့ပရိတ်သတ် ထောင်ပေါင်းများစွာနဲ့ အိမ်ကနေ တိုက်ရိုက်ကြည့်ရှူနေကြတဲ့ ပရိတ်သတ်သန်းပေါင်းများစွာ ရှေ့ မှာ Miss Universe ဆုရှင်ကို မှားယွင်းကြေငြာမိပြီးနောက် သတင်းခေါင်းစီးတွေမှာ နေရာယူခဲ့သူဖြစ်ပါတယ်။
ဒီအမှားကြောင့် တစ်ကမ္ဘာလုံးနီးပါးအုတ်အော်သောင်းနင်းဖြစ်ခဲ့ကြပေမယ့်လည်း၊ Miss Universe ပွဲစီစဉ်သူ Mark Shapiro က Harvey ကို နောက်နှစ်မှာလည်း ပြန်လည်လာရောက်တာဝန်ယူဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြောကြားလိုက်ပါတယ်။

“ သူက ရယ်စရာကောင်းသလို ဗဟုသုတလည်းပေးနိုင်တဲ့သူပါ။ တက်ကြွသလို သူ့ ရဲ့ အားပေးသူပရိသတ်ကလည်း တောင့်ပါတယ်” လို့  Mark Shapiro က ဆိုပါတယ်။ “ ကျွန်တော်ကတော့ သူ့ ကို လုံးဝပြန်လိုချင်ပါတယ်။ သူ ဒီပွဲကို ပြန်မလာရင် ကျွန်တော်တော်တော် စိတ်မကောင်းဖြစ်မိမှာပါ။ သူလည်း သူ့ သိက္ခာကိုပြန်အဖတ်ဆည်ဖို့ ကြိုးပမ်းချင်နေမှာပါ” Steve Harvey ကို နောက်နှစ် Miss Universe ပွဲမှာလည်း ပြန်မြင်ချင်တာက Mark Shapiro တစ်ယောက် တည်းမဟုတ်ပါဘူး။ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သူ Perez Hilton ကလည်း Steve Harvey ပြန်လာတာကို ပြန်မြင်ချင်တယ်လို့ ဆိုပါတယ်။

Ref: Mirror
Trend Myanmar

No comments:

Post a Comment