Wednesday 23 December 2015

ပုဇွန်တောင်တွင် ဓားထိုးမှုကျူးလွန်သူ ကာမလိမ်လည်မှုဖြင့် အမှုဖွင့်ခံထားရသူဖြစ်

ပုဇွန်တောင်မြို့နယ် ၅၆ လမ်းထိပ်တွင် ဒီဇင်ဘာ ၂၁ ရက် ညနေက အလုပ်မှ အိမ်ပြန်လာစဉ် (၂၂)နှစ်အ ရွယ် အမျိုးသမီးကို ဓားဖြင့်ထိုးသတ်ခဲ့သူသည် ယခင်ကပြစ်မှုပုဒ်မ ၃၆၆ ဖြင့် အမှုဖွင့် အရေးယူခံထားရသူဖြစ်ပြီး ၎င်းကိုရှာဖွေဖမ်းဆီးနေသည်ဟု ပုဇွန်တောင်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဓားဖြင့် ထိုးသတ်ခံသူအမျိုးသားက အမျိုးသမီးကို မကြာခဏ ခြိမ်းခြောက် ခေါ်ဆောင်လေ့ရှိသည့်အတွက် သေဆုံးသွားသူအမျိုးသမီးဘက်မှ အမှုဖွင့်အရေးယူထားချိန်တွင် ယခုကဲ့သို့ ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရဲအရာရှိက ပြောသည်။

‘‘သူတို့နှစ်ယောက် အရင်က ချစ်ကြိုက်ဖူးတယ်ဆိုတာ သိရပါ တယ်။ လူသတ်မှုကျူးလွန်ခဲ့တဲ့ ကောင်လေးက ကောင်မလေးကို ခြိမ်းခြောက်ပြီး တခြားမြို့တွေ ကို ခေါ်သွားဖူးတယ်။ ဒီအတွက် လည်း ပြစ်မှုပုဒ်မ ၃၆၆ (ကာမ လိမ်လည်ယူဆောင်မှု)နဲ့ အမှုဖွင့် ခံထားရတယ်။ အခုအချိန်ထိတော့ လူသတ်မှုကျူးလွန်သူကို ရှာဖွေ နေတုန်းပါ’’ဟု ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဓားထိုးခံရပြီး သေဆုံးခဲ့ သည့်အမျိုးသမီးမှာ တာမွေမြို့ နယ်တွင် နေထိုင်သူဖြစ်ပြီး ဓားဖြင့်ထိုးသတ်ခဲ့သူ အသက်(၂၅)နှစ်ခန့် ရှိ အမျိုးသားမှာ ဒဂုံမြို့သစ် (တောင်ပိုင်း)တွင် နေထိုင်သူဖြစ် ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment