Wednesday 23 December 2015

ခရစ္စမတ်နှင့် နှစ်သစ်ကူးညများတွင် သီးသန့်လုံခြုံရေးဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးည များအတွက် ဒီဇင်ဘာ၂၃ ရက်က စတင်၍ သီးသန့်လုံခြုံရေး ဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိကြီးတစ်ဦးက ပြောသည်။
လက်ရှိလုပ်ဆောင်နေသည့် လှည့်ကင်းများကို အချိန်ပိုမိုစော စီးစွာ ပြုလုပ်မည်ဖြစ်ပြီး မြို့နယ် အချင်းချင်း ချိတ်ဆက် လုံ ခြုံရေး ယူမည့်အပြင် ခရိုင်ရဲတပ်ဖွဲ့မှ ထပ်မံအားဖြည့်ကာ တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ ရန်ကုန်မြို့ရှိ လူ စည်ကားသည့်နေရာများတွင် မိုး လင်းသည်အထိ လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါရဲအရာရှိကြီးက ပြောသည်။

ရန်ကုန်တိုင်းတွင် အဆိုပါ ပွဲတော်ကျင်းပမည့် ရက်များ၌ အင်းလျားကန်ပေါင်၊ ပြည်သူ့ ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်၊ ကန် တော်ကြီး၊ မဟာဗန္ဓုလပန်းခြံနှင့် အခြားလူစည်ကားသည့်နေရာ များ၌ အဓိကလုံခြုံရေးကို မိုးလင်း သည်အထိ လုပ်ဆောင်မည်ဖြစ် ကြောင်း သိရသည်။

လှည့်ကင်းများကို ခရိုင်အ ဆင့်တွင် ဒီဇင်ဘာ ၂၂ ရက်မှ စ တင်ကာ လုံခြုံရေးအတွက် လုပ်ဆောင်နေပြီး ပွဲတော်ရက်များဖြစ်သည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးညများ၌ မြို့နယ်ရဲစခန်းတွင်ကင်းနှင့်တာဝန်မှအပ ကျန်ရှိသည့် ရဲဝန်ထမ်းများဖြင့် လုံခြုံရေးတာဝန် ဆောင်ရွက်မည်ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင်ရဲ တပ်ဖွဲ့မှဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။

‘‘လက်ရှိလှည့်နေတဲ့ စက် ဘီးလှည့်ကင်းတွေကို အချိန်ပို တိုးပြီးလှည့်မယ်။ ပြီးရင် မြို့နယ် အလိုက်လှည့်ကင်းကားတွေနဲ့ ထိ စပ်နယ်မြေသုံးမြို့နယ်ချင်းလှည့် မယ်။ နောက်ခရိုင်အဆင့် လှည့် ကင်းက အဖွဲ့တွေ ပူးပေါင်းပြီး ထပ်အားဖြည့်ပြီး ကင်းလှည့်ပေး မယ်။ ဒီအဖွဲ့တွေ အားလုံးကို တိုင်းဒေသကြီးရဲအင်အားတွေနဲ့ လိုတဲ့နေရာတွေမှာ ထပ်ပြီးအင် အားဖြည့်လုပ်ဆောင်ပေးမှာပါ’’ ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ခရိုင်အလိုက် သတ်မှတ် ထားတဲ့ ရဲလုံခြုံရေး ရဲအင်အား တွေရှိပါတယ်။ အနောက်ပိုင်း ခရိုင်အတွင်းမှာ ကင်းလှည့်မယ့် ရဲအင်အား ၄၂၃ ဦးနဲ့ အရန်အင် အား ၅၇ ဦးရှိတယ်။ ဒါက ခရိုင် ကရှိတဲ့ ကင်းလှည့်မယ့်အင်အား ပါ။ အခြားအဖွဲ့က အင်အားတွေ လည်း လုံခြုံရေးအတွက် လိုအပ် ရင် ပူးပေါင်းလုပ်ဆောင်ဖို့ရှိပါ တယ်’’ဟု ဒုရဲမှူးကြီးကျော်ထွဋ် က ပြောသည်။

7Day Daily

No comments:

Post a Comment