Wednesday 2 December 2015

ကာကွယ်ဆေးတိုက်ကျွေးခြင်းကို အလေးမထား၍ ပိုလီယိုအသွင်ပြောင်းရောဂါဖြစ်ပွားဟု မောင်တောကျန်းမာရေးဦးစီးဌာနမှူးဆို

ကလေးငယ်တစ်ဦးအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေစဉ်(ဓာတ်ပုံ - Unicef Myanmar) ember 2, 2015
ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးခြင်းကို အလေး မထားသည့်အတွက် ပိုလီယို အသွင်ပြောင်း ရောဂါဖြစ်ပွားရ ခြင်းဖြစ်ကြောင်း မောင်တောမြို့ နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မောင်မောင်သိန်းကပြောသည်။
မောင်တောနယ်စပ်ဒေသမှ အသက်(၅)နှစ်အောက်ကလေး ငယ်နှစ်ဦးကို ပြီးခဲ့သည့် အောက် တိုဘာအတွင်းက ပိုလီယိုရောဂါ သံသယရှိသဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်းသို့ ဆေးစစ် ချက်များပေးပို့စမ်းသပ်ခဲ့ရာ ပိုလီ ယိုအသွင်ပြောင်းရောဂါပိုးတွေ့ရှိ ခဲ့ရကြောင်းသတင်းရရှိသည်။

‘‘ပိုလီယိုကာကွယ်ဆေးတွေ တိုက်ကျွေးတဲ့အခါ ရပ်ကွက်တွေ မှာ လိုက်လံကြေညာပြီးတော့ ကလေးတွေကို ကာကွယ်ဆေး လာတိုက်ကြပါလို့ပြောပေမယ့် တချို့မိဘတွေက ကာကွယ်ဆေး တိုက်ရင်ဖျားတယ်။ ကလေး နေ မကောင်းဖြစ်တယ်ဆိုပြီးတော့ လာမတိုက်ကြဘူး။ အဲဒီကလေး တွေက အခုပိုလီယိုအသွင်ပြောင်း ရောဂါဖြစ်တာဖြစ်ပါတယ်’’ဟု ဒေါက်တာကျော်မောင်မောင်သိန်းကပြောသည်။

မောင်တောနယ်စပ်တွင် ပိုလီယိုအသွင်ပြောင်းရောဂါတွေ့ရှိပြီးနောက် ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ်ဆယ်မြို့နယ်မှ အသက် (၅)နှစ်အောက်ကလေးငယ်များ ကို ပိုလီယိုကာကွယ်ဆေးတိုက် ကျွေးရန် မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စီစဉ်နေ ကြောင်းသိရသည်။

‘‘ကာကွယ်ဆေးတွေတိုက် ကျွေးပြီးလို့ရှိရင်လည်း ထပ်ပြီး တော့စောင့်ကြည့်နေရမှာဖြစ်ပါ တယ်။ နောက်ထပ်သံသယရှိရင် ဆေးစစ်ချက်တွေယူပြီး အမျိုး သားဓာတ်ခွဲခန်းကိုပေးပို့စစ်ဆေး ရမှာဖြစ်ပါတယ်။ ဒါကတော့ အမြဲတမ်းလုပ်နေရမယ့်လုပ်ငန်း တစ်ခုပါ’’ဟု ၎င်းကဆက်လက် ပြောသည်။

မောင်တောနယ်စပ်တွင်နေ ထိုင်သည့် လူဦးရေသည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များ ထက်ပိုများပြီး အများစုမှာ ဘင်္ဂါ လီများဖြစ်ကာ လက်ရှိ ပိုလီယို အသွင်ပြောင်းရောဂါဖြစ်ပွားနေ သည့် ကလေးငယ်နှစ်ဦးမှာလည်း ဘင်္ဂါလီများဖြစ်ကြောင်း သတင်း ရရှိသည်။

7Day Daily

No comments:

Post a Comment