Wednesday 2 December 2015

သြစတေးလျနှင့် နယူးဇီလန် ဖျော်ဖြေပွဲများကို ခရစ်ဘရောင်း ဖျက်သိမ်း

အမေရိကန် အဆိုတော် ခရစ်ဘရောင်း၏ သြစတေးလျနှင့် နယူးဇီလန်တွင်ပြုလုပ်မည့် နယ်လှည့် ဖျော်ဖြေပွဲများကို ဖျက်သိမ်း လိုက်ကြောင်း ဈေးကွက်အရောင်းမြှင့်တင်သူများက အတည်ပြု ခဲ့သည်။
အမေရိကန် နိုင်ငံတွင် အကြမ်းဖက် အနိုင်ကျင့်မှုကျူးလွန်ခဲ့သည်ဆိုသော ပစ်ချက်ကြောင့် ခရစ်ဘရောင်း အနေဖြင့် ဗီဇာထောက်ခံချက် မရရှိခဲ့ကြောင်း ထင်ကြေးပေး ပြောဆိုမှုများ ထွက်ပေါ်လာသည်။

လက်မှတ်အရောင်းမြှင့်တင်ရေး Ticketek မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖျက်သိမ်းလိုက်ရသည့် အကြောင်းအရင်းကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ လာမည့် သီတင်းပတ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် One Hell of a Nite နယ်လှည့် ဖျော်ဖြေပွဲ ကို ယင်းရက်ထက်နောက်ကျပြီးမှ သာ ပြုလုပ်နိုင်မည်ဟုဆိုသည်။ အစီရင်ခံစာတွင် “မစ္စတာ ဘရောင်း က ထောက်ခံအားပေးနေကြတဲ့ ပရိသတ်တွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရန် ဆန္ဒရှိကြောင်း နှင့် မကြာမီအနာဂတ်တွင် ပြုလုပ်မည့် အောင်မြင်သော ဖျော်ဖြေပွဲတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း” ဖော်ပြထား သည်။ သြစတေးလျ လူဝင်မှု ကြီးကြပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယင်းကိစ္စနှင့် ပက်သက်၍ မှတ်ချက်ပေး ပြောကြားခြင်းမရှိပေ။ အဆိုပါ ပြောရေးဆိုခွင့်ရှိသူက “မစ္စတာ ဘရောင်း နဲ့ ကိုယ်စားလှယ်တွေကလွဲရင် ၀န်ကြီးကို တင်ပြထားတဲ့ ကိစ္စရပ်ကို ဌာနအနေနဲ့ သီးသန့်ရပ်တည်ခွင့်အဖြစ် မဆွေးနွေးနိုင်ပါဘူး” ဟုပြောသည်။

နယူးဇီလန် လူဝင်မှုကြီးကြပ်ရေး ပြောရေးဆိုခွင့်ရှိသူက ခရစ်ဘရောင်း သည် နယူးဇီလန်နိုင်ငံမှ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားမှု ကို ရယူခဲ့ကြောင်း ၊ အဆိုပါ လျှောက်ထားမှုအတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပြုလုပ်ရသေးကြောင်း ပြောသည်။ သြစတေးလျနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် လာရောက် ဖျော်ဖြေဖူးသည့် ဘရောင်းသည် ၂၀၀၉ ခုနှစ်တွင် ရည်း စားဟောင်း ပေါ့ပ်အဆိုတော် ရီဟားနား ရိုက်နှက်မှု ကျုးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် သူ၏ စီစဉ်ထားသော ဖျော်ဖြေပွဲမတိုင်မီ သြစတေးလျ လူဝင်မှုကြီးကြပ်မှုဌာနက “ ဗီဇာငြင်းပယ်မှုကို ပြန်လည် စဉ်းစားပေးရန် အစီအစဉ်ရှိကြောင်း” သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင်လည်း သြစတေးလျနိုင်ငံသည် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ မေ၀ယ်သာကို အလားတူပင် ဗီဇာ ငြင်းပယ်ခဲ့သည်။

Ref : BBC
‎Democracytoday‬

No comments:

Post a Comment