Wednesday 2 December 2015

NCA ကို လွှတ်တော် အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ရေးထိုးပွဲသို့ တက်ရောက်လာသူများ (ဓာတ်ပုံ − စိုင်းဇော်)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုး ရအဖွဲ့တို့ သဘောတူ ရေးဆွဲခဲ့ သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို လွှတ်တော်က အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ ကြောင်း သတင်းရရှိ သည်။
ယင်းစာချုပ်တွင် ပြည် ထောင်စုလွှတ်တော်သို့ တင်ပြအ တည်ပြုချက် ရယူရေး ဆိုသည့် အ ချက်ပါဝင်သဖြင့် ယခုကဲ့သို့လွှတ် တော်သို့ တင်ပြရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော် ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

‘‘NCA ထဲမှာ ဆက်လုပ်ဖို့ သဘောတူညီတာကတော့ ဒီစာ ချုပ်ကို လွှတ်တော်ကိုတင်သွင်းပြီး အတည်ပြုချက်ရယူဖို့ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအနေနဲ့ ဒီစာချုပ်ကို လွှတ် တော်ကို အတည်ပြုချက် ရယူဖို့ တင်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒီစာ ချုပ်ကို အတည်ပြုလိုက်ခြင်းဖြင့် စာချုပ်ပါလုပ်ငန်းစဉ်များကို အ ကောင်အထည် ဖော်မှုများဟာ ဆက်စပ် နေတာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိထိရောက် ရောက်နဲ့ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ ပြည် ထောင်စု လွှတ်တော်အနေနဲ့ NCA ကို အတည်ပြုပေးဖို့ တင်ပြအပ်ပါ တယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက်ပြော ကြားသည်။

ဒီဇင်ဘာ ၁ ရက်က ပြုလုပ် သည့် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအ ဝေးတွင် ယင်းစာချုပ်ကို ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက လွှတ်တော်သို့ လာရောက်တင် သွင်းခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စ ရပ်ကို လွှတ်တော်တွင်ဆွေးနွေး စေမည်ဖြစ်သဖြင့် စာချုပ်ပါအ ချက် အလက်များအား ပြင်ဆင် ခြင်း၊ အခြားကိစ္စရပ်များ ထပ်မံ ထည့်သွင်းရန် ဆွေးနွေးခြင်းများရှိ လာနိုင်ကြောင်း လွှတ်တော်ကိုယ် စားလှယ် အချို့က ပြောကြား သည်။

‘‘ဒါနဲ့ ပတ်သက်လို့ လွှတ် တော်မှာ ဆွေးနွေးကြမှာပါ။ ဒီအ တိုင်းပဲ အတည်ပြု၊ မပြုဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေအ ပေါ်မှာပဲ မူတည်ပါတယ်။ တ ကယ်လို့ စာချုပ်အတိုင်းမဟုတ် ဘဲ ကွဲလွဲချက်တွေရှိလာမယ်ဆို ရင်လည်း ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။ မဲခွဲဆုံးဖြတ်တာတော့ လုံးဝမလုပ်မိဖို့လိုတယ်။ ဒါက မဲ ခွဲဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါ ဘူး’’ ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲ အချို့သို့ တက်ရောက်ဆွေးနွေးခဲ့သည့် ကချင်တိုင်းရင်းသူ ပြည် ထောင်စု လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူက ပြောကြားသည်။

မိမိတို့အစိုးရသည် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက် NCA ကို ညှိ နှိုင်းရာတွင် ရည်ရွယ်ချက်သုံးချက် ကို အခြေခံပြီး ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကာ အပစ်အခတ်ရပ်စဲမှု ခိုင် မာစေရေး၊ အာမခံချက် ရှိသော နိုင်ငံရေးဆွေးနွေးပွဲများ စတင်အ ကောင်အထည်ဖော်နိုင်ရေးနှင့် နောင်အစိုးရလက်ထက်တွင် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို လက် ဆင့် ကမ်း သယ်ဆောင်သွားနိုင် ရေးအတွက် အုတ်မြစ်ချရေးဆို သည့် ရည်မှန်းချက် သုံးရပ်ဖြစ် ကြောင်း ဦးအောင်မင်းက ပြော ကြားသည်။

7Day Daily

No comments:

Post a Comment