Wednesday 2 December 2015

ဆေးလိပ်သောက်ခြင်းကြောင့် အလုပ်ထုတ်ခံရ

ကျားရှေ့ မှောက်လျက်လဲသည့် အဖြစ်ထက် ဆိုးရွားသည့် အခြေအနေမျိုးကို အလုပ်သမား နှစ်ဦးကြုံတွေ့ခဲ့သဖြင့် လုပ်ငန်းခွင်မှ ချက်ချင်း ထုတ်ပယ်ခြင်း ခံလိုက်ရသည်။ တရုတ်နိုင်ငံရှိ အလုပ်သမား နှစ်ဦးသည် အလုပ်ရှင် သူဌေးကို ကြမ်းတမ်းသည့် စကားလုံးများဖြင့် ပြောဆိုခဲ့သည့် အပြင် လုပ်ငန်းခွင်မှ သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်း အတွက် ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမား နှစ်ဦးသည် အလုပ်ရှင် သူဌေးမှန်း သိရှိခဲ့ခြင်း မရှိဘဲ ယင်း၏ရှေ့တွင် ဆေးလိပ် မသောက်ရန် တားမြစ်ထားသည့် နေရာ၌ ဆေးလိပ်သောက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အလုပ်ရှင်သူဌေး၏ ဆေးလိပ် မသောက်ရန် ပြောဆိုမူကို ကိုယ့်အလုပ် မပာုတ်သောကြောင့် ၀င်ရောက် မစွက်ဖက်ရန် တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့ကြောင့် အလုပ်သမား နှစ်ဦးသည် အလုပ် ထုတ်ခံရခြင်း ဖြစ်ပြီး ယင်းသတင်းသည် တရုတ် မီဒီယာများတွင် ရေပန်းစားခဲ့သည့် သတင်း တစ်ပုဒ် ဖြစ်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကို ဗီဒီယို ရိုက်ကူးပြီး (၇) စက္ကန့်သာ ကြာမြင့်သည့် အဖြစ်အပျက်ကို လူမူကွန်ရက်တွင် တင်ရှိခဲ့သည်။ တရုတ် ဘီလီယံနာ သူဌေး Terry Gou သည် ရှန်ဇန်မြို့ရှိ စက်ရုံကို သွားရောက်ခဲ့ရာ အလုပ် ရုံအတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တန်း အပြင်ဘက်တွင် ဆေးလိပ်သောက်နေသည့် အလုပ်သမား နှစ်ဦးကို တွေ့ခဲ့ခြင်း ဖြစ်သည်။

ယင်းနေရာသည် ဆေးလိပ် မသောက်ရန် တားမြစ်ထားသော နေရာဖြစ်သည်။ ထို့ကြောင့် သူဌေးဖြစ်သူက မေးမြန်းမှုပြုလုပ် ရာတွင် မချေမငံ ပြန်ပြောခဲ့သောကြောင့် အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

Terry Gou သည် ထိုင်ဝမ်တွင် အခြေချနေထိုင်ပြီး ကြီးမားသည့် အီလက်ထရောနစ် ပစ္စည်း ထုတ်လုပ်ရေး ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ဒေါ်လာ (၅ ဒသမ ၉) ဘီလီယံ ချမ်းသာ ကြွယ်ဝသောကြောင့် Terry Gou သည် App-le ၊ Sony ၊ Nokia စသည့် အမှတ် တံဆိပ်များ အတွက် အထောက်အကူပြု ပစ္စည်းများကို ထုတ်လုပ် ပေးနေသည့် ကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး လူသိများသည့် သူဌေးကြီး ဖြစ်သော်လည်း ယင်းထံတွင် လာရောက် အလုပ် လုပ်နေသည့် အလုပ်သမားနှစ်ဦးမှာ အလုပ်ရှင်ကို မသိခဲ့သဖြင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
messenger

No comments:

Post a Comment