Wednesday 2 December 2015

မင်းလှမြို့ရှိ ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု၌ မြေပြိုကျ

မကွေးတိုင်းဒေ သကြီး မင်းလှမြို့နယ် ကန်တုတ်ဒေ သ ငှက်ကြီးတောင်ကြောရှိ ကျောက် မီးသွေးတူးဖော်ရေးလုပ်ငန်းခွင် တစ်ခုတွင် မြေပြိုကျ၍ ကုမ္ပဏီ လုပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါမြေပြို၍သေဆုံးသူမှာ ကိုမင်း အသက် ၃၂ နှစ် ကျောက် မီးသွေးတူးဖော်ရေးကုမ္ပဏီလုပ်သား ကသစ်ကျေးရွာ မင်းဘူးမြို့နယ်နေ သူ ဖြစ်ကြောင်းသိရပြီး ၎င်းသည် နိုဝင် ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့် တွင် ကန်တုတ်ဒေသ ငှက်ကြီးတောင် ကြော ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီလုပ်သားများဖြစ်သည့် မင်းဘူး မြို့နယ် အမဲကြောင်ကျေးရွာနေသူ များဖြစ်ကြသော မောင်တိုးနှင့် ကို နေဖြိုး၊ ငဖဲမြို့နယ် စည်သာကျေးရွာ နေ ကိုမျိုးတို့နှင့်အတူ အနက် ပေ ၁၀၀ ခန့်၊ အကျယ် ရှစ်ပေခန့်ရှိ ပုဂ္ဂ လိက ကုမ္ပဏီပိုင် ကျောက်မီးသွေး ကျင်းအတွင်း ကျောက်မီးသွေးတူး ဖော်နေ ကြစဉ် မြေပြိုကျမှုဖြစ်ပေါ်ခဲ့ရာ ကိုမင်းနှင့် မောင်တိုးတို့အား မြေကြီး များပိနေသဖြင့် ကိုမျိုးနှင့် ကိုနေဖြိုးတို့က အလုပ်သမားခေါင်း ဦးသောင်းမြင့်ထံ သွားရောက် အ ကြောင်းကြားခဲ့ကြောင်း၊ ကုမ္ပဏီဝန်ထမ်းအဖွဲ့ က မြေပိနေသူနှစ်ဦးအား ကယ်ထုတ်ခဲ့ရာ ကိုမင်းတွင် ဝဲပေါင် ညိုမည်း၊ ကျောပြင်ညိုမည်းဒဏ်ရာ နှင့် မောင်တိုးတွင် ယာလက်မောင်း၊ ခါးခြေသလုံးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ သဖြင့် ပဒါန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စဉ် ကိုမင်းမှာ ရရှိသော ဒဏ်ရာများဖြင့် လမ်း၌ သေဆုံးခဲ့သည်ဟု သိရသည်။

ယင်းသေဆုံးမှုကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်သိရှိ ရန် ရဲတပ်ကြပ်ကြီး ပေါ်ပေါ်ညွန့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်း က သေမှုသေခင်းအမှတ်စဉ် ၁၃/ ၂၀၁၅ ဖြင့် ရေးဖွင့်ဆောင်ရွက်ထား ကြောင်း သိရသည်။

ZZ
‎Democracytoday‬

No comments:

Post a Comment