Wednesday 2 December 2015

နိုင်ငံရေးအခြေအနေကောင်း၍ အနောက်နိုင်ငံမှ ခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများလာ

ရွေးကောက်ပွဲရလဒ်များ ထွက်ပေါ်ပြီးနောက် နိုင်ငံရေး အခြေအနေများ ကောင်းမွန်သည့် ဘက်သို့ ဦးတည်လာသည့် အတွက် ဥရောပနှင့် အမေရိကတိုက် တို့မှ ခရီးသည်များ လာရောက် လည်ပတ်ရန် စိတ်ဝင်စားမှုမြင့် တက်လာကြောင်း မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ရွေးကောက်ပွဲ မတိုင်မီအတွင်း အနည်းငယ်တုံ့ ဆိုင်းမှုများ ရှိခဲ့သော်လည်း လက်ရှိ တွင် ပုံမှန်အတိုင်းခရီးသည် ၀င် ရောက်မှုများပြန်လည် ရရှိလာပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။‘‘ရွေးကောက်ပွဲပြီးတော့ မြန်မာနိုင်ငံကို လာပြီးလည်ပတ်ဖို့ စိတ်ဝင်စားတယ် ဆိုပြီး စုံစမ်းတဲ့ ခရီးသည်တွေ ပိုများလာတာကို တွေ့ရပါတယ်။ အဓိကကတော့ ဥရောပနဲ့အမေရိကတိုက်ကပေါ့။ နိုင်ငံရေးတည်ငြိမ်မှုကို ဆက်ပြီး ထိန်းနိုင်မယ်ဆိုရင် ခရီးသည်ဝင် ရောက်မှုနှုန်းက ပိုပြီးမြင့်တက်လာ နိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းပိုင်ဦး က ပြောသည်။
တိုးတက်လာမည့် ခရီးသည် ၀င်ရောက်မှုနှုန်းကို ဖြည့်ဆည်းနိုင်ရန် မြန်မာနိုင်ငံ၌ခရီးသွားလုပ်ငန်း နှင့်စပ်ဆက်သည့် အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်း အမြစ်နှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ ကြိုတင်ပြင်ဆင် ထားသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံ ပြုသည်။

‘‘ရွေးကောက်ပွဲအပြီးမှာ NLD က နိုင်သွားတဲ့အတွက် နိုင်ငံတကာက စိတ်ဝင်စားမှု မြင့်တက် လာတာကို တွေ့ရပါတယ်။ လာမယ့် ၂၀၁၆ အလွန်မှာ မြန်မာ့ ခရီးသွားလုပ်ငန်းက အာဆီယံနိုင်ငံ တွေထဲမှာ ပြန်ပြီး တစ်ခေတ်ဆန်း လာနိုင်တယ် လို့တောင် ယူဆရပါတယ်’’ဟု Nature Dream ခရီး သွားလုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းမှာ ၂၀၁၄ အတွင်း ၃ ဒသမ ၈ သန်းအထိရှိခဲ့ပြီး ယခုနှစ်အတွင်း ၌ ၄ ဒသမ ၅ သန်းအထိ ၀င် ရောက်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာနက ခန့်မှန်းထားသည်။
7 day

No comments:

Post a Comment