Wednesday 2 December 2015

ရေခဲတောင်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့၏ ဓာတ်ပုံများရိုက်ကာ ဂုဏ်ပြု

ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ ဓာတ်ပုံတို့ကို ယူဆောင်ကာ ကချင်ပြည်နယ်အတွင်းရှိ မဒွယ်ရေခဲတောင်ထိပ်တွင် ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ ကိုကျော်သာက ဓာတ်ပုံရိုက်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။



" ဒေါ်အောင်ဆန်းစုကြည်သို့ မဟုတ်အမေစုရဲ့ အနိုင်မခံအရှုံးမပေးတဲ့ သံမဏိစိတ်ဓာတ်ကို လေးစားအားကျသလို ကျွန်တော်ဘဝမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့တိုင်း ပထမဦးဆုံးသတိရတဲ့ပုဂ္ဂိုလ်ဖြစ်သလို သူ့ဆီကရရှိတဲ့ စိတ်ဓာတ်ခွန်အားနဲ့ အခက်ခဲတွေကို ရဲရဲရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်။ သူ့ဘဝမှာ ပူလောင်မူတွေများပြားခဲ့တယ်လို့ ခံစားရတဲ့အတွက် ကျနော့်အတွက် သူရဲကောင်းအမေစုကို အေးချမ်းတဲ့ရေခဲတောင်ပေါ်အလည်
ခေါ်သွားရင်းတောင်ထိပ်မှာဂုဏ်ပြုခဲ့တယ်" ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်းကို အေးချမ်းသည့်ရေခဲထိပ်တွင် အလည်ခေါ်သွားရင်း ဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို လေးစားသဖြင့် လက်ရှိတပ်မတော်ကို ပြည်သူချစ်သည့် ပြည်သူ့တပ်မတော်အဖြစ် ပြန်လည်စွမ်းဆောင်ပေးနိုင်မည်ဟု ယုံကြည်ခြင်းကြောင့် ၎င်း၏ ဓာတ်ပုံကိုလည်း ရေခဲတောင်ထိပ်သို့ ယူဆောင်သွားကာ ဓာတ်ပုံရိုက် ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မဇ္ဈိမ

No comments:

Post a Comment