Wednesday 2 December 2015

ဓာတ်ငွေ့ဈေးကျဆင်းမှုက အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်လား

ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတစ်ခု ဖော်ထုတ်စဉ်က ချိတ်ဆက်မည့် ပိုက်လိုင်းများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
၂၀၁၄ တွင် တဖြည်းဖြည်း ကျဆင်းလာသော ကမ္ဘာ့ရေနံဈေးနှုန်း ဂယက်ကြောင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းလည်း ကျဆင်းခဲ့ သည်။ သဘာဝဓာတ်ငွေ့ဈေး နှုန်းကျဆင်းမှုကြောင့် မြန်မာအစိုးရ၏ တိုင်းပြည်ဝင်ငွေသည်လည်း ၂၀၁၄ မှ စတင်ကျဆင်းလာခဲ့ရာ ယနေ့အချိန်အထိ ကျဆင်းနေဆဲ ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနတွင် အ ကြံပေးလုပ်ကိုင်နေသူတစ်ဦးက မြန်မာနိုင်ငံ၏ ဓာတ်ငွေ့ရောင်း ဈေးသည် ၂၀၁၄ က ကုဗပေ တစ်သန်းလျှင် အမေရိကန်ဒေါ် လာ ၁၂ ဒေါ်လာ ပေါက်ဈေးရှိရာ မှ ၂၀၁၅ ခုနှစ်အရောက်တွင် အ မေရိကန်ဒေါ်လာ ရှစ်ဒေါ်လာအ ထိ တဖြည်းဖြည်းကျဆင်းလာခဲ့ သည်ဟု ပြောကြားဆိုခဲ့သည်။

‘‘ကမ္ဘာ့ဈေးက ဒီအတိုင်း ဆက်ကျမယ်ဆိုရင် ၂၀၁၆ ခုနှစ် လောက်ဆိုရင် ခုနစ်ဒေါ်လာ လောက် ထပ်ကျသွားနိုင်တယ်။ ဓာတ်ငွေ့ဈေးက ပြီးခဲ့တဲ့နှစ်ကို ပျမ်းမျှယူပြီး သုံးလတစ်ခါတွက် ရတာ။ ဒီ့ထက်ထပ်ကျလာရင် တော့ အစိုးရရဲ့ ၀င်ငွေကို ကျိန်း သေထိခိုက်နိုင်တယ်’’ဟု စွမ်းအင် ၀န်ကြီးဌာန အကြံပေး ဦးသန်း ထွန်းက ပြောသည်။

သဘာဝဓာတ်ငွေ့ရောင်းချ မှုမှ ယခင်က တစ်ပတ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် ၄၀ ကြား ၀င်ငွေရှိရာမှ ယခုအခါ အမေရိကန်ဒေါ်လာသန်း ၃၀ ခန့် သို့ ကျဆင်းလာခြင်း ဖြစ်သည်။ ၂၀၁၄ နှင့် နှိုင်းယှဉ်ပါက သဘာဝ ဓာတ်ငွေ့မှ ၀င်ငွေ ၂၀ ရာခိုင်နှုန်း ခန့်ကျဆင်းလာခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

ယင်းပမာဏသည် တစ်ရက် လျှင် သဘာဝဓာတ်ငွေ့မှရရှိ သည့် တိုင်းပြည်ဝင်ငွေသည် နေ့စဉ်အမေရိကန်ဒေါ်လာလေးသန်းခန့်ဆုံးရှုံးနေခြင်းဖြစ်သည်။ ကုဗပေ တစ်သန်းလျှင် အမေရိကန်ဒေါ် လာ ရှစ်ဒေါ်လာကျော်ဖြင့် ရောင်း ချနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အများဆုံးထုတ်လုပ် ရောင်းချသည့် စီမံကိန်းလေးခုရှိ သည်။ ယင်းတို့မှာ ရွှေ၊ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့ ဖြစ်သည်။ အဆိုပါစီမံကိန်းလေး ခုမှ ထွက်ရှိသည့် ဓာတ်ငွေ့များအ နက် ရွှေစီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့သည် အရည် အသွေးအကောင်းဆုံး ဖြစ်သည်။

ရဲတံခွန်၊ ဇောတိကနှင့် ရတ နာစီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေတစ်သန်း၏ ဈေးနှုန်းသည် ဒသမ၁ လောက် သာကွာခြားမှုရှိပြီး ရွှေစီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းသည် အထက်ဖော်ပြပါ စီမံကိန်း သုံးခုနှင့် အမေရိကန်ဒေါ် လာ တစ်ဒေါ်လာခန့်ကွာဟသည်။

ဓာတ်ငွေ့ဈေးနှုန်းကျဆင်းမှု က သမ္မတဦးသိန်းစိန်အစိုးရ၏ ၀င်ငွေထွက်ငွေစီမံခန့်ခွဲမှုကိုလည်း အနည်းနှင့် အများထိခိုက်ခဲ့သော ကြောင့် လာမည့် အစိုးရသက် တမ်းတွင် တိုင်းပြည်ဝင်ငွေအများ ဆုံးရှာပေးသည့် ဓာတ်ငွေ့ဈေး နှုန်းဆက်တိုက်ကျဆင်းမည်ဆိုပါ က နောက်တက်လာမည့် အစိုးရ သစ်ကို အခက်အခဲဖြစ်စေနိုင် ကြောင်း စွမ်းအင်လုပ်ငန်းကို စောင့်ကြည့်လေ့လာသူများက ဆိုသည်။

‘‘ဓာတ်ငွေ့က ၀င်ငွေအများ ဆုံးရှာပေးတာလေ။ အဲဒီလုပ်ငန်း က အခက်အခဲဖြစ်မယ်ဆိုရင် ဒီ လုပ်ငန်းက ရတဲ့ဝင်ငွေလည်း ကျ မှာပဲ။ နောက်အစိုးရသစ်ကိုလည်း ဒီကိစ္စက တကယ်အကျပ်ရိုက်စေ မယ်ထင်ပါတယ်’’ဟု စွမ်းအင် လုပ်ငန်းလေ့လာစောင့်ကြည့်နေ သူတစ်ဦးက ဆိုသည်။

ဓာတ်ငွေ့ဈေးနှုန်းကျဆင်း မှုကြောင့် ယခုနှစ်ဆန်းပိုင်းတွင် သမ္မတဦးသိန်းစိန်အစိုးရ၏ ၀င်ငွေထွက်ငွေစီမံခန့်ခွဲမှုကို အကျပ်ရိုက်ခဲ့သည်။ ၁/၂၀၁၅ ကြိမ်မြောက် ကျင်းပသော ဘဏ္ဍာရေးကော်မ ရှင်၏ အစည်းအဝေးတွင်လည်း သမ္မတဦးသိန်းစိန်က တိုင်းပြည် ၀င်ငွေအများဆုံးရှာပေးသည့် သ ဘာဝဓာတ်ငွေ့ဈေးနှုန်းကျဆင်းနေသည်ဟု ပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းတွင် လွှတ် တော်မှတစ်ဆင့် နိုင်ငံ့ဝန်ထမ်းလ စာတိုးမြှင့်ရေး၊ လွှတ်တော်ကိုယ် စားလှယ်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များတိုးမြှင့်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ တိုးမြှင့်သုံးစွဲရေးစသည့် တောင်းဆိုချက်များကို တုံ့ပြန်ပြောကြားရာတွင် သမ္မတက ထိုသို့ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ တွင် မြန်မာ့ကမ်း လွန်မှ သဘာဝဓာတ်ငွေ့ထွက်ရှိ မှုသည် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၁,၉၀၀ ခန့်ရှိပြီး ကုဗပေသန်း၁,၆၀၀ ခန့်ကို ပြည်ပသို့ ရောင်းချနေပြီး ပြည်တွင်းတွင် ကုဗပေ သန်း ၃၀၀ ခန့်သုံးစွဲနေသည်။

ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံလုပ်ငန်းအများစုအရှုံးပေါ် နေသောကြောင့် ကုမ္ပဏီများက မောက်ကမဖြစ်ကာ အချို့လုပ် ငန်းများ ရပ်တန့်ကုန်သော်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများအရှိန်မပျက်ဆက်လက်လုပ်ကိုင်နေကြသောကြောင့် ကံကောင်းနေဆဲဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနအကြံပေး ဦးသန်းထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရွေးကောက်ပွဲတွင် အနိုင်ရ ခဲ့သော အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က မြန်မာနိုင်ငံ၏စီးပွားရေး ကိုအလေးပေး၍ လုပ်ဆောင်မည် ဟု ပါတီရွေးကောက်ပွဲကြေညာ စာတမ်းတွင် ဖော်ပြထားသည်။ ပါတီက စီးပွားရေးတိုးတက် ကောင်းမွန်အောင် လုပ်ဆောင် မည်ဆိုပါက အခွန်စနစ်ကိုလည်း ပြုပြင်ရမည်ဟုဆိုသည်။

‘‘ကမ္ဘာ့ရေနံဈေးကျတာ တော့ လုပ်လို့မရဘူး။ တိုင်းပြည် ၀င်ငွေအများဆုံးရှာပေးတဲ့ ကဏ္ဍ က ၀င်ငွေကျရင် အနည်းနဲ့အများ တော့ အစိုးရလိုငွေပြမှာပဲ။ အစိုး ရ လိုငွေပြတာကို ဖာထေးဖို့တော့ မြန်မာနိုင်ငံမှာ နည်းလမ်းတွေအ များကြီးရှိပါတယ်။ ပထမဆုံးက အခွန်က ရှာရမှာပေါ့’’ဟု ဒီချုပ် မှ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် စီးပွားရေးကျွမ်းကျင်သူ ဦးသန်းစိုး (ဘောဂဗေဒ)က ပြော သည်။

အစိုးရတွင် ဘတ်ဂျက်လို ငွေပြခဲ့ပါက ယင်းမှာတစ်နိုင်ငံလုံး အနှံ့ပျံ့နှံ့နေသာ လိုင်စင်မဲ့ကား များကို တရားဝင်ဖြစ်အောင်လုပ် ဆောင်ခြင်းဖြင့် အစိုးရက အခွန် ကောက်ခံခြင်း၊ မြန်မာနိုင်ငံက မောက်ကမဖြစ်နေသော မြေယာ ပိုင်ဆိုင်မှုနှင့် တိုက်ခန်းပိုင်ဆိုင်မှု များကို စိစစ်၍ အခွန်စနစ်ဖြင့် ထိန်းညှိခြင်း၊ နယ်စပ်ကုန်သွယ်မှု လိုငွေပြမှုကို စနစ်တကျ စိစစ် ခြင်းနည်းလမ်းများဖြင့် လတ်တ လော ဖြေရှင်းဆောင်ရွက်နိုင် သည်ဟု ဦးသန်းစိုး (ဘောဂဗေဒ) က ပြောသည်။

လိုင်စင်မဲ့ကားများကို တရား ၀င်ဖြစ်အောင် အစိုးရက ကောင်း မွန်သော အခွန်စနစ်တစ်ခုထား၍ လုပ်ဆောင်မည်ဆိုပါက ဘတ် ဂျက်လိုငွေပြမှုကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်အ စိုးရကလည်း ၎င်း၏ အစိုးရသက် တမ်းတွင် လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များကို တရားဝင်ထုတ် ပေးပြီး အခွန်ကောက်ခံရာမှ တိုင်းပြည်ဝင်ငွေရှာခဲ့ကြောင်း ဦးသန်းစိုးက ပြောသည်။

မြေယာပိုင်ဆိုင်မှုနှင့် တိုက် ခန်းပိုင်ဆိုင်မှုသည် ခက်ခဲပြီးနက် နဲသောကြောင့် လုပ်ရကိုင်ရခက်ခဲ မည်ဖြစ်သော်လည်း သေချာစွာ စနစ်တကျ လုပ်ကိုင်မည်ဆိုပါက ယင်းမှလည်း ၀င်ငွေရရှိနိုင်မည်ဟု ဦးသန်းစိုးက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးလုပ် ငန်းများတွင် မြန်မာနိုင်ငံကပြည်ပ နိုင်ငံများသို့ တရားမ၀င်ကုန်သွယ် ရေးလမ်းကြောင်းများဖြင့် ကုန် သွယ်မှုများရှိနေသောကြောင့် တရားဝင်ဖြစ်စေမည့် နည်းလမ်း များကို အသုံးပြုပြီးအစိုးရထံ ရောက်ရှိမလာသောအခွန်များကို စိစစ်နိုင်သည်ဟု ဦးသန်းစိုးကဆို သည်။

တစ်နည်းအားဖြင့် မြန်မာ နိုင်ငံတွင် အဓိက၀င်ငွေအများ ဆုံးရှာပေးသည့် သဘာဝဓာတ် ငွေ့လုပ်ငန်းမှ ၀င်ငွေကျဆင်း မည်ဆိုပါက အစိုးရသစ်ကို အ နည်းနှင့်အများ အကျပ်ရိုက်စေ သော်လည်း အခွန်စနစ်ကိုအဓိက ထား ကိုင်တွယ်ရန်ရည်ရွယ်ထား သော အနိုင်ရအမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်အတွက် အခက်အခဲ အထိုက်အလျောက်သာ တွေ့နိုင် မည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment