Wednesday 2 December 2015

ပြည်မြို့တွင် လူငယ်များစုပေါင်း၍ ကွမ်းတံတွေးကမ်ပိန်းပြုလုပ်

ကွမ်တံတွေး ကမ်ပိန်း ပြုလုပ်နေစဉ် Photo: K3(pyay)
ပဲခူးတိုင်း ဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် ပထမဆုံးအ ကြိမ် ကွမ်းတံတွေး ကမ် ပိန်းတစ်ခုအား ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။ အဆိုပါကွမ်း တံတွေးကမ်ပိန်းအား ပြည်မြို့နေ့ စဉ် မန်ဘာဂရုဖ်၊ ပြည် တက္ကသိုလ် ကျောင်းသားများ၊ ပြည်မြို့ဒေသခံ လူငယ်များစုပေါင်း၍ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
''ဒီလိုကိစ္စအသေးလေးတွေ ကနေ ဒီထက်ကြီးတဲ့စည်းကမ်းတွေပါ သတိထားမိစေချင်လို့ပါ။ တခြား နိုင်ငံတွေမှာလမ်းဘေးအမှိုက်ပစ်တာတွေ ရိုးရိုးတံတွေးနဲ့ ကွမ်းတံတွေး ထွေးရင် ဒဏ်ငွေတွေနဲ့စည်းကမ်းထုတ် ထားကြပါတယ်။ သူများနိုင်ငံတွေမျိုး ဖွံ့ဖြိုးတိုးတက်ချင်ရင် ဒီလိုစည်းကမ်း တွေ ကအစ လိုက်နာမှဖြစ်မှာပါ။ကျွန် တော်တို့နိုင်ငံမှာတော့ ဒီလိုစည်းကမ်း မျိုးလိုက်နာမှု အားနည်းနေပါတယ်။ပထမက ပြည်တက္ကသိုလ်ကျောင်း ထဲမှာဖြစ်ဖြစ်၊ ကျောင်းအပြင်မှာဖြစ် ဖြစ် ကွမ်းတံတွေးကမ်ပိန်းပြုလုပ်မယ် ဆိုပြီး ပြည်တက္ကသိုလ် ပါမောက္ခချုပ် ကြီးကို သွားပြောတော့ခွင့်မပြုခဲ့ပါဘူး။ သူတို့အထက်ကို စာတင်ပြီး သက် ဆိုင်ရာဌာနတွေကို စာတင်ပြီးမှလုပ် ရမယ်လို့ ဆရာကြီးကပြောပါတယ်'' ဟု ပြည်မြို့နေ့စဉ် မန်ဘာဂရုဖ်မှ ကိုဗိတ်ကြီး(ခေါ်)ကိုအောင်ဟိန်းက ပြောသည်။

အဆိုပါကမ်ပိန်းအား မူလပြည်တက္ကသိုလ်ကျောင်းဝင်းအတွင်းနှင့် ကျောင်း အပြင်များတွင်ပြုလုပ်ဖို့ရည် ရွယ်ထားခဲ့သော်လည်း ပြည်တက္က သိုလ်ပါမောက္ခချုပ်က ခွင့်ပြုမပေးခဲ့ ခြင်းကြောင့် ပြည်မြို့ကားကြီးဂိတ် ဝင်း လူစည်ကားရာနေရာတွေမှာ ပြောင်းလဲပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ နောက်ပြုလုပ်မည့် ကွမ်း တံတွေးကမ်ပိန်းများကိုလည်း ပြည် တက္ကသိုလ်ကျောင်းနှင့် အခြားနေရာ တွေမှာ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေ ကြောင်းသိရသည်။

''ဒီလိုမျိုးလေး လုပ်သင့်တယ် လို့ ထင်လို့ပူးပေါင်းပါဝင်တာပါ။လမ်းကောင်းဖို့ လိုသလို လမ်းသန့်ရှင်း ဖို့လည်းလိုပါတယ်။ ပြည်သူတွေလည်း စည်းကမ်း တကျဖြစ်လာစေချင်တယ်။ စည်းကမ်းရှိဖို့ အဓိကလိုချင်တာပါ။ ကွမ်းမစားရ မဟုတ်ဘူး။ ကွမ်းမရောင်း ရမဟုတ်ဘူး။ ကွမ်းတံတွေးထွေးတဲ့ နေရာမှာ စနစ်တကျ စည်းကမ်းရှိဖို့ လိုပါတယ်။ ပြည်တက္ကသိုလ်ပါမောက္ခ ချုပ်က ကိုယ့်ကျောင်းနဲ့ပတ်သက်ပြီး သူ့မှာ အခွင့်အာဏာမရှိဘူးဆိုတာ သဘာဝမကျဘူး။ ပါမောက္ခချုပ်ရဲ့ ဂုဏ်သိက္ခာ၊ ကျောင်းရဲ့ဂုဏ်သိက္ခာ ကျောင်း သားတွေရဲ့ ဂုဏ်သိက္ခာခွင့် မပြုပေးတဲ့အတွက် အနည်းငယ်ညှိုး နွမ်းစေပါ တယ်။ ကိုယ့်ကျောင်းကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝ ပါမောက္ခချုပ် မှာရှိနေသင့်ပါတယ်''ဟု ပြည်တက္ကသိုလ် ပဉ္စမနှစ် ဥပဒေ ကျောင်းသား ကိုမင်းမင်းအောင်က ပြောသည်။

ယင်းကမ်ပိန်းအား ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြည် မြို့ ခေတ္တရာမြို့သစ်အနီးရှိ ကားကြီး ဂိတ်ဝင်းလမ်းဆုံတွင် စတင်ပြုလုပ်ခဲ့ တာဖြစ်ပြီး လမ်းသွားလမ်းလာများ နှင့် ကားကြီးဂိတ်ဝင်းအတွင်းရှိ ခရီး သည်များထံသို့ စည်းကမ်းမဲ့ကွမ်းတံ တွေးမထွေးရ သင့်မြို့တော် သန့် ရှင်းမှုဖြင့် ကူညီပါစာသားပါသည့် ကွမ်းတံတွေးထွေးရန် ကြွပ်ကြွပ်အိတ် ငယ်လေးများဝေငှခြင်း၊ တိုင်းပြည် သာယာလှပဖို့ မိမိပတ်ဝန်းကျင်မှ စတင်စို့၊ ကွမ်းတံတွေးကို စနစ်တ ကျ စွန့်ပစ်ကြပါစို့ စသည့်စာသားပါ ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ အင်အား ၂၀ ခန့်ကွမ်းတံတွေး ကမ်ပိန်းပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ညနေ ၃ နာရီခွဲခန့်တွင် ပြီးဆုံးသွား ခဲ့သည်။

K3(pyay)
Democracytoday‬

No comments:

Post a Comment