Thursday 19 November 2015

ပြစ်မှုဆိုင်ရာစုံစမ်းထောက်လှမ်းမှုနှင့်စုံစမ်းစစ်ဆေးမှုပြုလုပ်စဉ်ကာလအတွင်း ရဲအချုပ်နှင့်အကျဉ်းထောင်များ ၌မလိုလား အပ်သောဖမ်းဆီးချုပ်နှောင်သည့်ကာလလျော့ကျရန်နှင့် ဥပဒေနှင့်မညီသောဖမ်းဆီးချုပ်နှောင်မှုများပပျောက်စေရေး ဥပဒေပြဌာန်းထည့်သွင်းရန်အမျိုးသားလွှတ်တော်က အတည် ပြုဆုံးဖြတ်

ဥပဒေဆိုင်ရာအထောက် အကူပေးရေးဥပဒေကြမ်းတွင် ပြစ်မှုဆိုင်ရာ စုံစမ်းထောက် လှမ်းမှုနှင့်စုံစမ်း စစ်ဆေးမှု ပြုလုပ်စဉ် ကာလအတွင်း ရဲအချုပ်နှင့်အကျဉ်းထောင် များ၌မလိုလားအပ်သော ဖမ်းဆီး ချုပ်နှောင်သည့် ကာလလျော့ကျရန်နှင့် ဥပဒေနှင့်မညီသော ဖမ်းဆီးချုပ်နှောင်မှုများပပျောက်စေရန် ဆို သည့်ပြင် ချက်ချက်ကို ထည့်သွင်းပြဌာန်းရန် လွှတ်တော်က အတည်ပြုဆုံးဖြတ်ကြောင်း အမျိုးသားလွှတ် တော် ဥက္ကဌဦးခင်အောင်မြင့် က ကြေညာခဲ့သည်။

ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက်ပိုင်းကကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော်(၁၃)ကြိမ် မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသောဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေကြမ်းကိုအမျိုးသားလွှတ်တော်၌ ဆွေး နွေး အတည်ပြု ဆုံးဖြတ်ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေကြမ်းကိုအတည်ပြုဆုံးဖြတ် ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ် ဥာဏစိုး က ဥပဒေဆိုင်ရာ အထောက် အကူပေးရေး ဥပဒေကြမ်းအပိုဒ်၃အပိုဒ်ခွဲ(င)မှာဒီဥပဒေ ဧ။် ရည်ရွယ် ချက်သည် အောက်ပါအတိုင်းဖြစ်သည်၊ပြစ်မှုဆိုင်ရာစုံးစမ်းထောက်လှမ်းမှုနဲ့ စုံစမ်းစစ်ဆေးမှုပြု လုပ်စဉ် ကာလအတွင်းရဲအချုပ်နဲ့ အကျဉ်းထောင်များ၌မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်မှု သည့်ကာလ လျော့ကျရန်နှင့် ဥပဒေနှင့်မညီသောဖမ်းဆီးချုပ်နှောင်မှုများပပျောက်စေရန်ဆိုသောပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြုပေးပါရန်တင် သွင်းအပ်ပါတယ် ဟုအဆိုပြုတင်သွင်းခဲ့သည်။

နိုဝင်ဘာ (၁၇)ရက်နေ့ကကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဒုတိယနေ့  တွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကြမ်းကိုဆွေးနွေး လိုသည့် လွတ် တော် ကိုယ်စားလှယ်များရှိလျှင် နိုဝင်ဘာ(၁၈) ရက်နေ့နောက်ဆုံးထားတင်ပြခဲ့သော် လည်း ဆွေးနွေးမည့်သူမရှိသည့်အတွက် ယနေ့ (နိုဝင်ဘာ ၁၉ ရက်)နေ့၌ အတည်ပြုဆုံးဖြတ်ခြင်း ဖြစ်သည်။

ဥပဒေကြမ်းပါ ဥပဒေဆိုင်ရာအထောက်အကူပေးရေးတောင်းခံခွင့်နှင့်ပတ်သက်ပြီးဒေါက်တာ မြတ်ဥာဏစိုးက ဥပဒေကြမ်းဧ။်အပိုဒ်(၄)အပိုဒ်ခွဲ(စ)ကိုတင်ပြပါမယ်ဒီဥပဒေရဲ့ အခြေခံမူများမှာအောက်ပါ အတိုင်းဖြစ်သည် အပိုဒ်ခွဲ(စ) ဥပဒေဆိုင်ရာအထောက်အကူ တောင်းခံခွင့်ရှိသူများကိုလူမျိုးကိုးကွယ်ရာ ဘာသာယုံကြည်မှု အသက်အရွယ် ကျား/မ နိုင်ငံသားမခွဲခြားဘဲဥပဒေဆိုင်ရာအထောက်ကူပေးရေးဆိုတဲ့ ပြင်ဆင်ချက် ကိုအတည်ပြုပေးနိုင်ပါရန်တင်ပြအပ်ပါတယ် ဟုဆက်လက်တင်ပြခဲ့သည်။

ယနေ့ အမျိုးသားလွှတ်တော်တွင် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေကြမ်းပါ ဥပဒေပြဌာန်း ချက်များ ထဲမှ ပြင်ဆင် ချက်(၃၀) ချက်ပါ အပိုဒ်ခွဲများအလိုက် ပြင်ဆင်ချက်နှင့်ဖြည့်စွက်ချက်၊ ပယ်ဖျက် ချက်များ၊ အခန်းခေါင်းစဉ်များဧ။် ပြင်ဆင်ချက် များကိုလွှတ်တော်ကိုယ်စားလှယ်များဧ။် သဘော တူညီချက် ရယူပြီးအတည်ပြုဆုံးဖြတ်ခဲ့သည်။

MO
‪‎Democracytoday‬

No comments:

Post a Comment