Thursday 19 November 2015

အိတ်ခ်ျအိုင်ဗီရှိတဲ့အကြောင်း ဖုံးဖိပေးထားဖို့ ဒေါ်လာသန်းချီပေးရတဲ့ ချာလီရှိန်း

နာမည်ကျော် အမေရိ ကန်ဟာသရုပ်သံဇာတ်လမ်းတွဲ "Two and A Half Men" ၏ အဓိ ကဇာတ်ဆောင် မင်းသားချာလီ ရှိန်းသည် HIV ဖြစ်နေကြောင်း လွန်ခဲ့သော လေးနှစ်က စစ်ဆေးသိရှိခဲ့သည်ဟု ပြောကြား ပြီး ယင်း ကိစ္စကို လျှို့ဝှက်ထားရန် အကျပ်ကိုင်သူများအား ကန်ဒေါ်လာ ၁၀ သန်းကျော် ပေးခဲ့ရသည် ဟု ပြောသည်။

၎င်းတွင် HIV ဖြစ်နေကြောင်း ယခုမှဖွင့်ပြောလိုက်ခြင်းသည် ငွေညှစ်ခံနေ၍ဖြစ်သည်ဟု ချာလီရှိန်းက ပြောပြီး ၎င်းတွင် ယင်းရောဂါရှိနေပြီး သူတစ်ပါးထံ ကူးစက်စေခဲ့သည်ဆိုသော  သတင်းကိုမူ ငြင်းဆိုခဲ့ သည်။

သို့သော် HIV ပိုးကူးစက်ခံခဲ့ ပုံ အတိအကျကို သေချာမသိဟု ချာလီရှိန်းက ပြောသည်။ ၎င်း တွင် HIV ပိုးရှိနေခြင်းကို  သိရှိသူများက ငွေညှစ်မှုကြောင့် မကြာမီ နှစ်များအတွင်း ကန်ဒေါ်လာ ၁၀ သန်းကျော်ပေးခဲ့ ရသည်။

အိမ်ထောင်သုံးဆက်ကွာ ရှင်းဖူးပြီး အပြာကားကြယ်ပွင့် များစွာနှင့် ချိန်းတွေ့ခဲ့သည့် မင်းသား ချာလီရှိန်းက ၎င်းအနေ ဖြင့် အခြားသူတစ်ဦးထံ HIV ပိုးပျံ့နှံ့စေခြင်းမရှိနိုင်ဟု ပြောကြားသည်။ သို့သော် ချာလီရှိန်းနှင့် အတူ တစ်နှစ်နေခဲ့သော အပြာဇာတ်ကား မင်းသမီးဟောင်း ဘရီအော်ဆလိုက ချာလီရှိန်းသည် ယင်းပိုး ရှိကြောင်း မိမိကို လုံးဝအသိမပေး ခဲ့ဟု ပြောသည်။ သို့သော် အော်ဆလိုသည် HIV ဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးမှုခံယူထားခြင်းမရှိပေ။

—Ref: Reuters
7Day Daily 

No comments:

Post a Comment