Thursday 19 November 2015

ပြည်နယ်နှင့် တိုင်း ခုနစ်ခုတွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်  ခုနစ်ခု တွင်  အချိန်အခါမဟုတ်မိုးများနေရာကွက်၍ ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗဒညွှန်ကြားမှုဦးစီး ဌာန က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း ၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နောက် နှစ်ရက်အတွင်း အချိန်အခါမဟုတ် နေရာကွက်ကျားမိုးရွာနိုင်သည်ဟု သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထိုလေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေရာမှ နိုဝင်ဘာ ၁၆ ရက်မှစကာ ဘင်္ဂလားပင်လယ်အော်အလယ် ပိုင်းသို့ ရွေ့လျားလာသောကြောင့် မြန်မာနိုင်ငံ ဒေသ အချို့တွင် အချိန်အခါမဟုတ် မိုးသတိပေးထားခြင်း ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မိုးဇလဦးစီးဌာန၏ နိုဝင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ နိုဝင်ဘာ တတိယ ၁၀ ရက်အတွက် ခန့်မှန်းချက် တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်သည်ဟု ဆိုသည်။

7Day Daily 

No comments:

Post a Comment