Thursday 19 November 2015

မန္တလေး-ညောင်ဦး ရေလမ်းကြောင်းကို နိုင်ငံတကာစံချိန်မီ ရေလမ်းညွှန်အမှတ်အသားများဖြင့် ရေကြောင်းအဆင့်မြှင့်တင်မည်

ဧရာဝတီမြစ်ကြောင်းသွားရေယာဉ်အချိုက ဆိုက်ကပ်ရပ်နားထားစဉ် (ဓာတ်ပုံ−ဇူဇန်လွင်)
ကမ္ဘာ့ဘဏ်၏ ချေးငွေ ဒေါ်လာသန်း ၁၀၀ ဖြင့်ဆောင် ရွက်မည့် ဧရာဝတီမြစ်ဝှမ်းဘက် စုံစီမံခန့်ခွဲမှု စီမံကိန်းတွင်ပါဝင် သည့် မန္တလေး-ညောင်ဦးရေလမ်းကြောင်း အဆင့်မြှင့်တင်ခြင်းကို နိုင်ငံတကာစံချိန်မီ ရေလမ်းညွှန် အမှတ်အသားများနှင့်အတူ သင်္ဘောများညဘက်ပါသွားလာ နိုင်စေရန် မြစ်ရေလမ်းကြောင်း ထိန်းသိမ်းပြုပြင်မှုများပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဧရာဝတီမြစ်အတွင်းရေ လမ်းကြောင်းကောင်းမွန်စေရန် နယ်သာလန်အစိုးရအဖွဲ့ပညာ ရှင်များက အကြိုစူးစမ်းလေ့လာခြင်းများပြုလုပ်နေပြီး စီမံကိန်းဆိုင်ရာမြေဆီလွှာစစ်ဆေးမှုများနှင့်   ဒီဇိုင်းရေးဆွဲမှုများ  ရလဒ်စစ်တမ်းကို ၂၀၁၅ ဒီဇင်ဘာတွင် ပေးအပ်မည်ဖြစ်သဖြင့် နိုင်ငံ တကာတင်ဒါခေါ်ယူ၍ ဆက် လက်ဆောင်ရွက် မည်ဖြစ်ကြောင်းမန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကြီးတန်းတာဝန်ရှိ သူကပြောသည်။

‘‘နယ်သာလန်ကပညာရှင် တွေချပေးတဲ့ဒီဇိုင်းတွေ၊ နေရာ တွေရရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့နဲ့ အဆင်ပြေ၊ မပြေဆက်ကြည့်မယ်။ ပြီးရင် မြစ် ရေလမ်းကြောင်း ထိန်းသိမ်းပြု ပြင်တာ သေချာ ခိုင်မာပြီ ဆိုရင် ရေလမ်းညွှန်အမှတ်အသား စဆောက်မယ်။ အရင်က နိုင်ငံ တကာစံချိန်မီ ရေလမ်းညွှန် အမှတ်အသားတွေမရှိတဲ့အတွက် ဒီစီမံကိန်းမှာ ထည့်သွင်းပြီး ရေ ကြောင်း သင်္ဘောသွားလာမှု အဆင့်မြှင့် တင် တာပါ’’ဟု အဆိုပါအကြီးတန်းတာဝန်ရှိသူကဆို သည်။

ဧရာဝတီမြစ်အတွင်း ရေ ကြောင်းကျပ်တည်းသောနေရာ ၄၆ နေရာရှိပြီး     မြန်မာပြည် အထက်ပိုင်းသည် ပြည်တွင်းကုန် ပစ္စည်းသယ်ယူမှုအများဆုံး ရေ လမ်းကြောင်းဖြစ်ပြီး မန္တလေး- ညောင်ဦးကြား ကုန်စည်ပို့ဆောင် သော ရေယာဉ်များနှင့် နိုင်ငံခြား သားပို့ဆောင်သောရေယာဉ်များ များပြားလာ၍  ယင်းရေလမ်းကို ဦးစားပေးပြုပြင်ထိန်းသိမ်းမည် ဖြစ်ကြောင်း သိရသည်။

‘‘ဒီဧရာဝတီမြစ်ကြောင်းက မိုးတွင်းရေများတဲ့အချိန်သွားတဲ့ ရေလမ်းကြောင်းနဲ့ ပုံမှန်အချိန်နဲ့မတူတော့ သင်္ဘောတွေ ရေလမ်း ကြောင်း မကျပ်တည်းဖို့ မြစ်ရေ နည်းချိန် ရေအနက်ပိုရရှိဖို့အတွက်ရယ်၊  ပြီးတော့ မန္တလေး-ညောင် ဦးကို ရေကြောင်းသင်္ဘောနဲ့ နိုင်ငံ ခြားဧည့်သည်တွေ အများဆုံးလာ တဲ့လမ်းကြောင်းမို့ စီမံကိန်းထဲ ထည့်ရေးဆွဲရတာ’’ဟု မန္တလေး တိုင်းရေအရင်းအမြစ်နှင့် မြစ် ချောင်းများ   ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန   ဒုတိယညွှန်ကြားရေး မှူးဦးတိုးအောင်လင်းကပြော သည်။

မန္တလေး-ညောင်ဦးကြား ရေလမ်းကြောင်းအဆင့်မြှင့်တင် ခြင်းအပါအဝင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုအဖွဲ့အစည်းများနှင့် အထောက်အကူပြုစနစ်များ၊ မိုး ဇလစောင့်ကြည့်အကဲခတ်ခြင်း နှင့် သတင်းအချက်အလက်များ ခေတ်မီစေခြင်း စသည့်ဧရာဝတီ မြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်သုံးခုကို ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ငါးနှစ်စီမံကိန်းဆောင် ရွက်သွားမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ ချေးငွေများ မှ မန္တလေး-ညောင်ဦး ရေလမ်း ကြောင်း အဆင့်မြှင့်တင်ခြင်းစီမံ ကိန်းအတွက် ခန့်မှန်းကုန်ကျ စရိတ်ဒေါ်လာ ၃၇ ဒသမ ၈၅ သန်းလျာထားကြောင်း အထက်မြန်မာ ပြည်ရေ အရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည်။

7Day Daily 

No comments:

Post a Comment