Thursday 19 November 2015

ဘလတ္တာနှင့် ပလာတီနီ အယူခံ ရှုံးနိမ့်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ၏ ကျင့်ဝတ်ကော်မတီက ချမှတ် ခဲ့သော ရက်ပေါင်း ၉၀ ပိတ်ပင်မှု အပေါ် တာဝန်မှ ဆိုင်းငံ့ခံထားရ သည့် ဖီဖာဥက္ကဋ္ဌ ဘလတ္တာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပလာတီနီတို့ အယူခံဝင်မှု ရှုံးနိမ့် သွားကြောင်း ဖီဖာကပြောကြားသည်။ ဖီဖာ၏ အကျင့်ပျက်ခြစားမှု  အရှုပ်တော်ပုံကို အမေရိကန်နှင့် ဆွစ်ဇာလန်တွင် စုံစမ်းစစ်ဆေးမှု ကျယ်ပြန့်လာစဉ် ဘလတ္တာနှင့် ပလာတီနီတို့သည် အောက်တို ဘာအတွင်း ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ခံခဲ့ရသည်။

ပလာတီနီသည် ဖီဖာဥက္ကဋ္ဌ အဖြစ် ဘလတ္တာနေရာ ဆက်ခံရန် ရေပန်းစားနေသူဖြစ်သည်။ အယူခံပယ်ချခံရခြင်းမှာ ပလာတီနီအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

အကြောင်းမှာ ဖီဖာဥက္ကဋ္ဌ နေရာ ယှဉ်ပြိုင်ရာတွင် ဆိုင်းငံ့ ပြစ်ဒဏ်ရှိပါက အမည်စာရင်း တင်သွင်းမှု လက်မခံ ရန် ဖီဖာ၏ ရွေးကောက်ပွဲကော်မတီက ပြော ကြားထား၍ ဖြစ်သည်။

ဆိုင်းငံ့ပြစ်ဒဏ် ရက်ပေါင်း ၉၀ အတွင်း ပလာတီနီသည် ဘောလုံးနှင့် ဆက်စပ်သော လုပ်ငန်းများတွင် မပါဝင် နိုင်ဘဲ မဲဆွယ် စည်းရုံးခြင်း မပြုလုပ်နိုင်ပေ။

ပလာတီနီအတွက် တစ်ခု တည်းသော မျှော်လင့်ချက်မှာ ၎င်းနှင့် ဖီဖာတို့၏အမှုကို အားကစားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးရုံး(CAS) သို့ တက်ရောက်ဖြေရှင်းရန်ဖြစ်သည်။       

Ref: Reuters
7Day Daily 

No comments:

Post a Comment