Thursday 19 November 2015

ပြည်သူတို့၏ယုံကြည်မှု မြန်မာလူ့အခွင့်အရေးကော်မရှင် မရသေးဟု ဝေဖန်

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်သည် ပြည်သူတို့၏ ယုံကြည်ကိုး စားမှုကိုမရသေးကြောင်း မြန်မာ့ အရေးပူးပေါင်းဆောင်ရွက်သူများ တာဝန်ခံ ဒေါ်ခင်ဥမ္မာကပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဆောင် ရွက်ချက်သည် လွတ်လပ်ပြီးထိရောက် သည့် လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သော နိုင်ငံတော်အ ဆင့် အဆောက်အအုံတစ်ခု မဖြစ်သေး ကြောင်းလူ့အခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းသုံးဖွဲ့က နိုဝင်ဘာ ၁၈ ရက် က တာမွေမြို့နယ် Best Western Green Hill ဟိုတယ်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်း က ပြောသည်။

နိုင်ငံတော်အဆင့် လူ့အခွင့်အ ရေးအဆောက်အအုံများဆိုင်ရာ အာရှ(NGO)ကွန်ရက်၏ အတွင်းရေး မှူးဖြစ်သည့် ဖေါ်ရန်အေးရှားအဖွဲ့ သည် မြန်မာ့အရေးပူးပေါင်းဆောင် ရွက်သူများနှင့် ယခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ မြန်မာ နိုင်ငံအမျိုးသား လူ့အခွင့်အရေးဆိုင် ရာကော်မရှင်၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လှုပ်ရှားမှုများကို လေ့ လာပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

''အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းမှုမလုပ်ဘူး။ မလုပ်တာ။ အဲဒါက ကျွန်မတို့အမြင်မှာ ကော်မရှင် ကိုယ်တိုင်က အခုအချိန် ထိ ဒီလိုမျိုးလုပ်ဖို့အတွက်ကို ဆန္ဒ အရင်းခံရှိမနေသေးဘူးလို့ ကျွန်မ သုံးသပ်တယ်''ဟု ၎င်းက ဆက်လက် ပြောသည်။

မိမိတို့ နှစ်စဉ်အဆက်မပြတ်လေ့ လာတွေ့ရှိမှုများအရ MNHRC သည် လူ့အခွင့်အရေးကို ကာကွယ် စောင့် ရှောက်ပြီး နိုင်ငံတော်အဆင့် အဆောက်အအုံတစ်ခုအဖြစ် လက် ရှိတွင် မဖြစ်သေးကြောင်း၊ ပါရီ အခြေခံမူ စံချိန်စံနှုန်းမပြည့်မီသေး ကြောင်း၊ အရေးကြီးဆုံးမှာ ကော်မရှင် သည် လူ့အခွင့်အရေး ချိုးဖောက်ခံနေ ရသော ပြည်သူများနှင့်တစ်သား တည်းမဖြစ်သေးကြောင်း ဒေါ်ခင်ဥမ္မာ ကပြောသည်။

အဆိုပါ တင်ပြချက်များနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်း ပွဲသို့တက်ရောက်လာသည့် မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော် မရှင် ဒါရိုက်တာ ဒေါက်တာခိုင်ခိုင် ဝင်းက ''အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ကျွန်မတို့ပူးပေါင်းဆောင် ရွက်သွားပါမယ်။ အားနည်းတာ တစ်ခုပဲ။ ကျွန်မတို့က CSO တစ်ခု တည်းကို မဟုတ်ဘူး အစိုးရပိုင်းကို လူ့အခွင့်အရေးအသိက သူတို့လည်း သိသင့်တယ်ဆိုပြီး ကျွန်မတို့က ဖြန့် ပြီးသွားတာဖြစ်တဲ့အတွက် သူတို့ အပိုင်းကိုရောက်တာ အားနည်းပါ တယ်။ ဒီလို CSO တွေနဲ့ပူးပေါင်း စေချင်တဲ့ အားမလိုအားမရ ဖြစ်လို့ ပြောတာပါ။ ကျွန်မတို့လုပ်နေပါ တယ် ရှေ့လျှောက်လည်းလုပ်မှာပါ'' ဟု ပြောသည်။

TS
Democracytoday‬ 

No comments:

Post a Comment