Thursday 19 November 2015

ရီးရဲလ်နှင့် ဘာကာပွဲ လုံခြုံရေး အမြင့်ဆုံးထားရှိမည်

စပိန် လုံခြုံရေးဝန်ကြီး ဖရန်စစ္စကို မာတီနက်ဇ်နှင့် အား ကစားဝန်ကြီး မစ်ဂွယ်ကာဒင် နယ်တို့က လာမည့် စနေတွင် ကျင်းပမည့် ရီးရဲလ်မက် ဒရစ်-ဘာစီလိုနာ အယ်ကလပ်ဆီကို ပွဲတွင် လုံခြုံရေးအမြင့်ဆုံး ချမှတ် ထားမည်ဖြစ်ကြောင်း ထုတ်ဖော် သည်။

ဝန်ကြီးနှစ်ဦးသည် အားက စား အကြမ်းဖက်မှု၊ သည်းမခံမှု၊ နိုင်ငံခြားသား မုန်းတီးမှုနှင့် လူမျိုး စွဲခြင်းဆိုင်ရာ တိုက်ဖျက်ရေး ကော်မရှင်နှင့် အထူးအစည်းအဝေး ပြုလုပ်တွေ့ဆုံပြီးနောက်ပွဲကို လုံခြုံရေး အမြင့်ဆုံးထား ကျင်းပသွားရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။

ရီးရဲလ်၏ ဘာနေဗျူးကွင်း ၀င်မည့်သူများကို အဆင့်သုံးဆင့် လုံခြုံရေး စစ်ဆေးမှုများ၊ အကြမ်း ဖက်ဝါဒ တိုက်ဖျက်ရေးအဆင့် (၄) သတ်မှတ်ချက်အရ လုံခြုံရေးချမှတ်မှုများ လုပ်ဆောင်မည် ဖြစ်သလို မက်ဒရစ်နှင့် ဘာစီလိုနာ ဒေသခံအစိုးရများ၊ ကိုယ်စားလှယ်များနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်သည်။

ဘာစီလိုနာနှင့် ရီးရဲလ်နှစ်သင်းစလုံးသည် ပါရီတိုက်ခိုက်မှု များ ဖြစ်ပြီးနောက် အသင်းကိုယ် ပိုင် လုံခြုံရေး အစီအစဉ်များ ချ မှတ်ထားကာ ကွင်းအတွင်းသို့ ကစားသမားများ ဝင်ရာ၌လည်း ရဲအစောင့်အရှောက်ဖြင့် ဦးစွာ ဝင်ပြီးမှသာ ကျန်ပရိသတ်များကို ပေးဝင်မည်ဟု ဆိုသည်။

ထို့နောက် ပွဲအတွင်း ရဲတပ် ဖွဲ့သည် အဖွဲ့ခွဲများ အမျိုးမျိုးခွဲ ထားကာ လုံခြုံရေးကို စောင့်ကြည့် ထိန်းသိမ်းမည်ဖြစ်သည်။

—Ref: AS
7Day Daily 

No comments:

Post a Comment