Thursday 19 November 2015

မြင်းခြံတွင် ကန်အခြေစိုက် ACO ကုမ္ပဏီအား နေရောင်ခြည်ဓာတ်အားပေးရုံ တည်ဆောက်ရေးစတင်ခွင့်ပြု

မန္တလေးတိုင်းဒေသကြီးသာစည်မြို့နယ်နှင့် မြင်းခြံမြို့နယ်နဘူးအိုင်ကျေးရွာအနီးရှိ မြေဧက ၂,၀၀၀ ပေါ် တွင် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ တည် ဆောက်မည့် အမေရိကန်နိုင်ငံ အခြေစိုက် ACO ကုမ္ပဏီအား လုပ်ငန်းစတင်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ဆိုလာစနစ်သုံး ဓာတ်အား ပေးစက်ရုံတည်ဆောက်နိုင်ရန် ပြီးခဲ့သည့်တစ်နှစ်ကျော်ခန့်က ACO ကုမ္ပဏီနှင့် လျှပ်စစ်စွမ်းအားဝန် ကြီးဌာနတို့ကြား သဘောတူညီမှု ရရှိထားခဲ့ပြီး စက်ရုံတည်ဆောက်မည့်   မြေနေရာကို   တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံမှ ငှားရမ်းအ သုံးပြုရန် စီစဉ်ထားခြင်း ဖြစ်သည်။သို့သော် ၀န်ကြီးဌာနချင်းမြေယာလွှဲပြောင်းမှုနှင့် ပတ်သက်၍ ကြန့်ကြာနေခဲ့ပြီး ယခုနှစ် နိုဝင်ဘာ၁၇ ရက်က မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့် ACO Investment Group မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများစတင်လုပ် ဆောင်ခွင့်ပြုလိုက် ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ပြောသည်။နယူးယောက် အခြေစိုက် စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်ပြီး စွမ်းအင်၊ လေကြောင်းပို့ဆောင် ရေးနှင့် Telecom လုပ်ငန်း များ လုပ်ကိုင်လျက်ရှိသော ACO သည် နေရောင်ခြည်သုံး ဓာတ်အားပေး စက်ရုံနှစ်ရုံအတွက် အမေရိကန် ဒေါ်လာသန်း ၄၈၀ ခန့် ရင်းနှီးမြှုပ်နှံတည်ဆောက်မည်ဖြစ်ပြီး ယင်းမှာ အမေရိကန်မှ မြန်မာသို့ အများဆုံး ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းလည်း ဖြစ်သည်။

‘‘အပြီးသတ်စာချုပ်ကတော့ မချုပ်ရသေးဘူး။ လုပ်ငန်းတွေကြို တင်ဆောင်ရွက်လို့ရအောင် ခွင့် ပြုပေးလိုက် တာ’’ဟု ၀န်ကြီး ဦး ကျော်မြင့်က ပြောသည်။

စက်ရုံတည်ဆောက်ရေးအ တွက် လုပ်ငန်းခွင်သုံးစက်ပစ္စည်း များ မြင်းခြံသို့ ရောက်ရှိနေပြီး ကြန့်ကြာမှုမရှိ စေရန်  အပြီးသတ်စာချုပ်ချုပ်ဆိုခြင်း   မရှိသေးသော်လည်း လုပ်ငန်း    စတင်လုပ်ကိုင်ခွင့်ပြု ခြင်းဖြစ်သည် ဟု ၎င်းကဆိုသည်။

ACO ကုမ္ပဏီသည် လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ်စီထုတ် လုပ်နိုင်မည့် နေရောင်ခြည်သုံး ဓာတ်အားပေး စက်ရုံနှစ်ရုံကို မြေ ဧက ၂,၀၀၀ ပေါ်တွင် တည် ဆောက်မည်ဖြစ်ပြီး စက်ရုံတည် ဆောက်မည့်    မြေနေရာများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ နှစ် ၃၀ စာချုပ်ဖြင့် ငှားရမ်းအသုံး ပြုမည် ဖြစ်သည်။

မြေငှားရမ်းရာတွင် တစ်ဧကအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀ နှုန်းဖြင့် ငှားရမ်းမည် ဖြစ်ပြီး   မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မြေငှားရမ်းခ နှစ်စဉ်အမေရိကန်ဒေါ်လာ တစ်သိန်း (ကျပ်သန်း ၁၀၀ ခန့်)ရရှိမည် ဖြစ်သည်။ စီမံကိန်းစတင်ပြီး ရှစ်လမှ ၁၀ လအတွင်း လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်   ထုတ်လုပ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ပြီး စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ် အားများကို တစ်ယူနစ် လျှင် ၁၃၀ ကျပ်နှုန်းခန့်ဖြင့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ပြန်လည်ဝယ်ယူ ရန်လည်း ပြည်ထောင်စု အစိုးရနှင့် ACO တို့ သဘောတူညီမှုရယူ ထားသည်။

7Day Daily 

No comments:

Post a Comment