Thursday 19 November 2015

ဥပဒေများကိုပြင်ခြင်းထက် တိုင်းပြည်ကိုတည်ငြိမ်အောင်ထိန်းသိမ်းသင့်ဟု ဦးဝီရသူမိန့်ကြား

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပ ခဲ့သည့် အထွေထွေရွေးကောက်ပွဲရလဒ် များအရ အစိုးရသစ်ဖြစ်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေအချို့ ကို ပြင်ဆင်ရမည်ဖြစ်သော်လည်း ဥပဒေများကို ပြင်ဆင်ခြင်းထက် တိုင်းပြည်ကိုတည်ငြိမ်အောင် အရင်ဆုံးထိန်းသိမ်းသင့်ဟု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး (မဘသ)ဆရာ တော် ဦးဝီရသူက မိန့်ကြားသည်။

''အခြေခံဥပဒေကိုပဲ ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ အရင်ပြင်နိုင်အောင် ကြိုးစားပါဦး။ တိုင်းပြည်အတွက်၊ ဘာသာ အတွက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကျေးဇူးကြီးမားတဲ့ ဒီမျိုးစောင့်ဥပ ဒေကိုပြင်ဖို့ အသာထားပါဦး။ နိုင်ငံတည် ငြိမ်အောင်သာ အရင်ထိန်းပါဦးလို့ပြော ချင်တယ်''ဟု ဆရာတော် ဦးဝီရသူက
မိန့်ကြားသည်။

အမျိုး၊ ဘာသာ၊ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)သည် မည် သည့်အစိုးရတက်လာလာ အဖွဲ့၏ ရှေ့ လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် သည်ဟု သိရသည်။

ရွေးကောက်ပွဲတွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အနိုင်ရရှိသွားသည် နှင့်ပတ်သက်၍ အနိုင်ရပါတီကို မုဒိတာပွားပြီး ရှုံးနိမ့်သည့် ပါတီများအပေါ် မေတ္တာထားရမည်။ မည်သည့်ပါတီက အနိုင်ရရှိသည်ဖြစ်ပါစေ ပြည်သူက ရွေးချယ်ပေးလိုက်တာ ဖြစ်သည့်အတွက် ကျေကျေနပ်နပ်ဖြင့် လက်ခံကြရန် တိုက်တွန်း ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

(Yangon Times Journal, Vol-11, No-45)
Yangon Media Group 

No comments:

Post a Comment