Thursday 19 November 2015

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ အခမဲ့ဖျော်ဖြေမယ့် အိုင်းရင်းခရော့စ်

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) 
 တောင်ကြီးတန်ဆောင် တိုင်ပွဲတော်တွင် အိုင်းရင်းခရော့စ် အဖွဲ့က အခမဲ့ဖျော်ဖြေပွဲပြုလုပ် မည်ဖြစ်ပြီး    ရုပ်သံလိုင်းများမှ လည်း    ထုတ်လွှင့်ပြသမည်ဖြစ် ကြောင်း သတင်းရရှိသည်။

အိုင်းရင်းခရော့စ်အဖွဲ့၏ ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၄ ရက် တွင် တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၅ နာရီခွဲတွင် စတင်ဖျော် ဖြေမည်ဖြစ်သည်။

တစ်ကိုယ်တော် မိနစ်ကိုး ဆယ်ဖျော်ဖြေပွဲများမှစ၍ အိုင်းရင်းခရော့စ်အဖွဲ့က ၎င်းတို့ဖျော် ဖြေမှု အစီအစဉ်များကို ရုပ်သံ လိုင်းမှ ထုတ်လွှင့်ပြသခဲ့ပြီး ယခုတောင်ကြီးမြို့ ဖျော်ဖြေပွဲကို လည်း ရုပ်သံလိုင်းများမှ ထုတ် လွှင့်ပြသမည်ဖြစ်သည်။

အိုင်းရင်းခရော့စ်အဖွဲ့အနေ ဖြင့် တစ်ကိုယ်တော် မိနစ်ကိုး ဆယ်ဖျော်ဖြေပွဲများကိုသာ ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသခဲ့ပြီး ၎င်းတို့တစ်ဖွဲ့လုံးပါဝင်ဖျော်ဖြေ မည့်ပွဲကို ရုပ်သံလိုင်းမှ ထုတ်လွှင့် ပြသခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်  ဖြစ်သည်ဟု အိုင်းရင်းခရော့စ်အဖွဲ့မှ ချစ်စမ်း မောင်က ပြောသည်။

‘‘ဒီပွဲက ပထမဆုံးပဲ။ Live 90 မှာ အတွေ့အကြုံတွေ  အများကြီးရပြီဆိုတော့     သိပ်တော့ ပြဿနာမရှိဘူးပေါ့။ ဒါပေမဲ့ Live 90 လိုတော့ မဟုတ်ဘူး။ Duration (ထုတ်လွှင့်ချိန်)က တော့ များသွားမှာပေါ့’’ဟု ချစ်စမ်းမောင်က ပြောသည်။ ဖျော်ဖြေပွဲကို ညနေ ၅ နာရီခွဲတွင် စတင်မည်ဖြစ်ပြီး ညနေ ၆ နာရီခွဲခန့်တွင် 4HDနှင့် 5 Special ရုပ်သံလိုင်းများမှ စတင်ပြသပေးမည်ဖြစ်ကြောင်း 5 Special ရုပ်သံလိုင်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။

7Day Daily 

No comments:

Post a Comment