Thursday 19 November 2015

နော်ဝေး နိုင်ငံသားကို IS သတ်ဖြတ်

IS အစ္စလာမ္မစ် နိုင်ငံအုပ်စုက သူတို့ ဖမ်းဆီးထားတဲ့ နောက်ထပ် ဓားစာခံ ၂ ယောက်ကို သတ်ဖြတ် ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

နော်ဝေးနိုင်ငံသား တစ်ယောက်နဲ့ တရုတ် နိုင်ငံသား တစ်ယောက်ကို သူတို့ အစိုးရတွေက ပြန်ရွေးဖို့ ပျက်ကွက်လို့ သတ်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီလူ ၂ ယောက်ရဲ့ ရုပ်အလောင်း ပုံတွေကိုလည်း IS ဘက်က ထုတ်ပြရာမှာ သူတို့ ဦးခေါင်းတွေကို ပစ်သတ်ခံရပုံ ပေါ်ပါတယ်။

သက်သေ အထောက်အထားတွေ အရ နော်ဝေး နိုင်ငံသား Ole Johan Grimsgaard-Ofstad ကို သတ်ဖြတ်ခဲ့ပုံရတယ်လို့ နော်ဝေး ဝန်ကြီးချုပ် Erna Solberg က ဆိုပါတယ်။

ဒီသတ်ဖြတ်မှု အတွက်လည်း သူက ပြစ်တင် ရှုတ်ချခဲ့ပါတယ်။
ဒီသေဆုံးမှုတွေအတွက် တုန်လှုပ် ခြောက်ခြားကြောင်း တရုတ် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

BBC Burmese 

No comments:

Post a Comment