Thursday 19 November 2015

သူရဦးရွှေမန်းနှင့် ဦးဌေးဦး သီးသန့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း၊ ပြည်ခိုင်ဖြိုးပါတီပူးတွဲဥက္ကဋ္ဌဦးဌေးဦး (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
 ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးကို ပြည် ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နှစ်ဦးတည်း သီး သန့်ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သ တင်းရရှိသည်။

ပြည်သူ့လွှတ်တော်အစည်း အဝေးမစတင်မီ နိုဝင်ဘာ ၁၈ရက်နံနက် ၉ နာရီခွဲခန့်က သူရဦးရွှေမန်းက ခေါ်၍ ၁၀ မိနစ်ကျော်သွားရောက်တွေ့ဆုံခဲ့ပြီး စည်းလုံးညီညွတ်သောမူဖြင့် ရှေ့ဆက်သွားရန် သူရဦးရွှေမန်းက ပြောကြားခဲ့သည်ဟု ဦးဌေးဦးကဆိုသည်။

‘‘ကျန်းမာရေး သာကြောင်း၊ မာကြောင်း ပြောကြတာပါ။လွှတ် တော်ကိစ္စတချို့ ပြောပါတယ်။ ပါတီ အကြောင်း တော့ ပြောကြား ခြင်းမရှိပါဘူး’’ဟု ပြည်ထောင်စု လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဦးဌေးဦးက ပြော ကြားခဲ့သည်။

သူရဦးရွှေမန်းသည် နိုဝင် ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ပြည်သူ့လွှတ်တော်အစည်းအဝေး များသို့ တက်ရောက်ခြင်းမရှိဘဲ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကိုယ် စားတက်ရောက်ခဲ့သည်။

သို့သော် နေ့လယ် ၁ နာရီခွဲ တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများသို့ သူရဦးရွှေမန်း ပုံမှန်တက်ရောက်လျက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်း က ပြည်ခိုင်ဖြိုးပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ သူရဦးရွှေမန်း အပါအ၀င် ဗဟိုကော်မတီဝင်အ ချို့ကို ပြည်ခိုင်ဖြိုးပါတီက ထုတ် ပယ်ခဲ့ပြီး ယင်းပူးတွဲဥက္ကဋ္ဌနေရာ ကို ဦးဌေးဦးက ရရှိခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအတွင်း ရာ ထူးအပြောင်းအလဲများဖြစ်ပေါ် ပြီးနောက် ၎င်းတို့နှစ်ဦးသီးသန့် တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် ဖြစ်ဖွယ်ရှိသည်။

7Day Daily 

No comments:

Post a Comment