Thursday 19 November 2015

ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် နောက်ကျသွားပြီဟု မိုဗစ်ပြောကြား

ယခုဘောလုံးရာသီ ပြီးဆုံးချိန်တွင် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်တော့ဟု ပီအက်စ်ဂျီ တိုက် စစ်မှူး အီဘရာ ဟီမိုဗစ်က ပြောကြားလိုက်သည်။

မိုဗစ်(၃၄)နှစ်၏ ပီအက်စ်ဂျီနှင့် စာချုပ်သည် ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးပြီဖြစ်သော်လည်း အနာဂတ်နှင့်ပတ်သက်၍ မိုဗစ်က ဆုံးဖြတ်ချက်မချ ရသေးပေ။

မိုဗစ်သည် မန်ယူသို့ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ယခုအခါ အင်္ဂလန် သို့ ပြောင်းရွှေ့ရန် ဖြစ်နိုင်ပုံမပေါ်တော့ပေ။

‘‘အင်္ဂလန်ကို ပြောင်းဖို့ နောက်ကျလွန်းသွားပြီလို့ ကျွန်တော်ထင်တယ်’’ဟု မိုဗစ်က Sportsmail အားကစား စာစောင် အားပြောကြားပြီး ပီအက်စ်ဂျီအသင်းတွင် အလွန်ပျော်ရွှင်နေကာ စာချုပ်သက်တမ်း ခြောက်လ ကျန်နေသေးပြီး ယင်းနောက် ဘာဖြစ်လာမည်ကို စောင့်ကြည့်ရမည်ဟု မိုဗစ်ကပြောသည်။

မိုဗစ်သည် ယမန်နေ့က ဒိန်းမတ်နှင့်ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် ဆွီဒင်အတွက် နှစ်ဂိုးသွင်းယူပြီး ပြင်သစ်၌ ကစားမည့်ပြိုင်ပွဲသို့ ကူညီပို့ဆောင်ခဲ့သည် လက်ရွေးစင်အသင်းနှင့် နောက်ဆုံးပြိုင်ပွဲ ဖြစ်နိုင်သဖြင့် ယူရို ၂၀၁၆ ပြိုင်ပွဲကို ကြိုတင်ရင်ခုန်နေသည်ဟု ၎င်းက ဆက်လက်ပြောသည်။                                                                       
Ref:Goal

No comments:

Post a Comment