Wednesday 12 August 2015

MPT ဖုန်းသုံးစွဲသူများထံမှ ရေဘေးအလှူငွေ ကျပ်သိန်း ၂,၀၀၀ ခန့်ရရှိထား

အက်စ်အမ်အက်စ်ပေးပို့ကာ လှူဒါန်းရန် နှိုးဆော်ထားစဉ်
မိုဘိုင်းဖုန်းအသုံးပြုသူ များက လေးရက်အတွင်းရေဘေး အတွက် SMS ပေးပို့၍ လှူဒါန်း သည့် ငွေကျပ်သိန်း ၁,၈၀၀ကျော် ရရှိပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT က သ တင်းထုတ်ပြန်သည်။
MPTအနေဖြင့်ရေဘေးသင့် ဒေသတွင် ကယ်ဆယ်ရေးနှင့်ကူ ညီရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် မိုဘိုင်းဖုန်းအသုံးပြုသူ များပါဝင် လှူဒါန်းလိုပါက သြ ဂုတ် ၆ ရက်မှစ၍ ဖုန်းဘီလ်ထဲမှ SMS ပေးပို့ကာ လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပြီးနောက် လေးရက်အ တွင်းအလှူငွေများ လက်ခံရရှိ ခြင်းဖြစ်သည်။

၎င်းတို့၏ ထုတ်ပြန်ချက်အ ရ သြဂုတ် ၁၀ ရက် ညနေ ၅ နာရီ အထိ နိုင်ငံတစ်ဝန်းရှိ MPT ဖုန်း အသုံးပြုသူများထံမှ ငွေကျပ် ၁,၈၅၅ သိန်းကျော် ရရှိပြီဖြစ် ကြောင်း ဖော်ပြထားသည်။

MPT ဖုန်းအသုံးပြုသူများ အနေဖြင့် ရေဘေးအတွက် လှူ ဒါန်းလိုပါက ကုတ်နံပါတ် 2001 (သို့မဟုတ်) 500 ဟု ရိုက်နှိပ်ကာ တစ်ခါပို့ လျှင် ငွေကျပ် ၅၀၀ နှုန်း ဖြင့် မိမိနှစ်သက်သလောက် SMS ပေးပို့နိုင်မည်ဖြစ်ပြီး SMS ပေးပို့ခ အတွက် ကောက်ခံမည်မဟုတ် ကြောင်း သိရသည်။

ရေဘေးအတွက် SMS မှ တစ်ဆင့် အလှူငွေကောက်ခံပေး သည့် အစီအစဉ်ကို ပြည်ပအော် ပရေတာများဖြစ်သည့် အူရီးဒူးနှင့် တယ်လီနောတို့ကလည်း ပြုလုပ် လျက်ရှိသည်။

7Day Daily

No comments:

Post a Comment