Wednesday 12 August 2015

စားသောက်ကုန် ဈေးနှုန်း တည်ငြိမ်ရေး လက်ကားဆိုင်များ ဖွင့်မည်

ရေဘေးသင့် ဒေသတွင် အခြေခံ စားသောက်ကုန် ဈေးနှုန်း ကြီးမြင့်နေ၍ ရေဘေးသင့် ဒေသများ ဈေးနှုန်း တည်ငြိမ် စေရန် ရေဘေးသင့် ဒေသ (၁၉) ခုတွင် အခြေခံ စားသောက်ကုန် လက်ကားဆိုင်များ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း UMFCCI ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
““ကျွန်မတို့ သိတာကတော့ ဒေသ (၁၀) ခုပဲ သိသေးတယ်။ နောက်ထပ် ကိုးနေရာ ကတော့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက အတည်ပြုပေး ရမှာပါ။ လက်ကားဆိုင် တွေကို ရေဘေးသင့် ပြည်သူ တွေဈေးနှုန်း သက်သက်သာသာနဲ့ ၀ယ်လို့ရအောင် ဖွင့်ပေးမှာပါ။ ဆန်ဆိုင် အပြင် နှမ်း၊ ဆီ၊ ပဲစတဲ့ အခြေခံ စားသောက်ကုန်တွေ ဖွင့်ပေးသွား မှာပါ”” ဟု ၎င်းက ပြောသည်။

““မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အနေဖြင့် လက်ကား ဆန်ဆိုင်များကို ရန်ကုန်တိုင်း ဒေသကြီး (၀ါးတန်း ကုန်စည်ဒိုင်၊ ဘုရင့်နောင် ကုန်စည်ဒိုင်) မကွေးတိုင်း ဒေသကြီးတွင် (ပွင့်ဖြူမြို့နယ်၊ စလင်းမြို့၊ စေတုတ္တရာမြို့၊ လယ်ကိုင်းမြို့)၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် (ရွှေဘိုမြို့၊ မုံရွာမြို့)၊ ပဲခူးတိုင်း ဒေသကြီးတွင် (ပြည်မြို့၊ မင်းလှ မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ နတ်တလင်း မြို့နယ်၊ သာယာဝတီမြို့)၊ မန္တလေးတိုင်း ဒေသကြီးတွင် (မန္တလေးမြို့)၊ ဧရာဝတီတိုင်း ဒေသကြီး (ဇလွန်၊ ညောင်တုန်းမြို့နယ်၊ မြောင်းမြမြို့နယ်၊ ဓနုဖြူမြို့နယ်)၊ နေပြည်တော်တွင် ပျဉ်းမနားမြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်တို့ အနေနဲ့ကတော့ ကုန်စည်ထွက်တဲ့ နေရာတွေမသွားဘူး။ ဥပမာ ကြက်သွန်ထွက်တဲ့ မကွေးတိုင်းဆို မသွားဘူး။ သူတို့ လိုအပ်တဲ့ နေရာတွေမှာ ဖွင့်ပေးဖို့ရှိတယ်။ အခုပြဿနာက ကျွန်တော်တို့ ကုန်စိမ်းဖြစ်တဲ့ အခါကျတော့ ပစ္စည်းတင်၊ သယ်တဲ့နေရာမှာ အချိန်မီ မရောက်မှာ အခက်အခဲရှိတယ်။ ကျွန်တော်တို့ကတော့ ဒေသ (၁၉) ခုတင် မဟုတ်ပါဘူး။ သူတို့လိုအပ်တဲ့ နေရာတွေမှာ ကြက်သွန်၊ ငရုတ်၊ အာလူးစတဲ့ ကုန်စိမ်းရောင်းဖို့ ရှိပါတယ်။ ဈေးနှုန်းကတော့ လျှော့မှာ မဟုတ်ပါဘူး။ အရင်းအတိုင်းပဲ ရောင်းပေးမှာပါ””ဟု စားဖိုဆောင် သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

Messenger News Journal

No comments:

Post a Comment