Wednesday 12 August 2015

အမြန်လမ်း ရွှေလီဦးယာဉ် တိမ်းမှောက်မှု ခရီးသည်တစ်ဦး ထပ်မံသေဆုံး

လူရှစ်ဦးပွဲချင်းပြီးသေ ဆုံးခဲ့သော ရန်ကုန်-လားရှိုးခရီး သည်တင်ယာဉ် တိမ်းမှောက်မှု တွင် ဒဏ်ရာရရှိခဲ့သည့် ခရီးသည် အမျိုးသားတစ်ဦး သြဂုတ် ၁၁ ရက်၌ ထပ်မံသေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူ အမျိုးသားသည် ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်မှ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုတွင် လက် တစ် ဖက် ပျက်စီး ခဲ့ကာ နောက်တစ်ရက်ဖြစ်သည့် သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် နေပြည်တော်စစ်ဆေးရုံ၌ သေဆုံး ခဲ့ ကြောင်း ရှေးဦးသူနာပြုစုရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မနေ့ကတော့ နေရာမှာတင် သေဆုံးခဲ့သူတွေကတော့ ရှစ်ယောက်ရှိတယ်။ ဒီနေ့တစ် ယောက်ထပ်သေတော့ ကိုး ယောက်ဖြစ် သွားပြီ။ မနေ့က အ ခြေအနေဆိုးတာတော့ နှစ်ယောက် ထဲက တစ်ယောက်က တော့ အခုလက်တစ်ဖက် ပျက်စီး နေတဲ့ အမျိုးသားပါ။ သူက ထောက်/ပို့ တပ်ကဗိုလ်မှူးတစ်ဦး လို့သိရတယ်’’ဟု အဆိုပါတာဝန် ရှိသူက ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ရွှေလီဦးခရီးသည်တင်ယာဉ်သည် IKBZ အာမခံကုမ္ပဏီတွင် အ သက်အာမခံကြေးပေးသွင်းထား ၍ သေဆုံးသူတစ်ဦးလျှင် လျော် ကြေးငွေကျပ်သိန်း ၃၀ ပေးအပ် မည်ဖြစ်ပြီး ဒဏ်ရာရရှိသူများအား သတ်မှတ်ထားသည့်နှုန်းအတိုင်း ပေးအပ်မည်ဖြစ်ကြောင်း အဆိုပါ အာမခံကုမ္ပဏီ အထွေထွေမန်နေ ဂျာ ဦးအောင်စိုးဦးက ပြောသည်။

‘‘ယာဉ်လိုင်းကထားတဲ့ အာ မခံက လူတစ်ဦးကို တစ်ယူနစ် ၃၀၀ တန် အာမခံထားတဲ့အတွက် သေဆုံးသူတစ်ဦးကို ကျပ်သိန်း ၃၀ ပေးသွားမှာပါ။ ကျန်တဲ့ ဒဏ် ရာရတဲ့သူတွေ အတွက်လည်း သတ်မှတ်ထားတဲ့ နှုန်းအတိုင်း လျော်ကြေးပေးသွားမယ်။ ကျန် တဲ့စာရင်းတွေကတော့ စစ်ဆေး နေတုန်းပါ’’ ဟု ဦးအောင်စိုးဦးက ပြောသည်။

ယခုယာဉ်တိုက်မှုတွင်ယာဉ် မောင်းသည် ဖုန်းပြော၍မောင်း လာစဉ် ၁၀၅ မိုင်ကွေ့ကို သတိမ ထားမိဘဲဆွဲကွေ့ရာမှ ယာဉ်မှာ လမ်းလယ်ကျွန်းကိုဝင်တိုက်မိပြီး တာယာကွဲထွက်ကာ တစ်ဖက် လမ်းပေါ်သို့ရောက်ရှိကာ အရှိန်လွန် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ယာဉ်ပေါ်တွင် လိုက်ပါလာသူခရီး သည်တစ်ဦးကပြောကြားသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာ သည့် ခရီးသည်အများစုမှာ ပဲခူး တိုင်းဒေသကြီး (သဲကုန်း၊ ပုတီး ကုန်း၊ တောကျွဲအင်း၊ မိုးညို)၊ ဧရာဝတီတိုင်းဒေသကြီး (ဒေးဒရဲ၊ ၀ါးခယ်မ၊ မော်ကျွန်း)နှင့် လားရှိုး၊ သိန်းနီမြို့များတွင် နေထိုင်သူ များဖြစ်သည်။

‘‘သေဆုံးသွားတဲ့သူတွေက တော့ မော်လမြိုင်ကျွန်းက သုံး ယောက်၊ မိုးညိုနဲ့ ဒေးဒရဲက တစ် ယောက်၊ လားရှိုးက နှစ်ယောက်၊ သဲကုန်းက တစ်ယောက်က မနေ့ က နေရာမှာသေတယ်။ ဒီနေ့က တော့ ထောက်/ပို့က ဗိုလ်မှူးက တော့ ဘယ်ကလည်းမသိသေး ဘူး’’ဟု ရှေးဦးသူနာပြုစုရေးအ သင်းမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

၂၀၁၄ ဧပြီ ၁၂ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင်အမှတ် (၁၁၆) တွင် ဖြစ်ပွားခဲ့သည့် တောင်ပြာတန်း ခရီးသည်တင်ယာဉ် မတော်တဆ မှုကြောင့် ဆလွန်းယာဉ်နှင့်ခရီး သည်တင်ယာဉ်ပေါ်တွင် လိုက်ပါ လာသူ ၁၂ ဦးမှာမီးလောင်ကျွမ်း သေဆုံးခဲ့ပြီး မေလ ၁၃ ရက်တွင် ရာဇာမင်းခရီးသည်တင်ယာဉ် သည် ၁၉၇ မိုင်၌ မီးရထား ခုံးတံတားအောက်ထိုးကျခဲ့သည့် အတွက် ခရီးသည် ၁၄ ဦး သေဆုံး ခဲ့သည်။

ရွှေလီဦးယာဉ်တွင် ခရီး သည် ၆၃ ဦးလိုက်ပါခဲ့ပြီး ယာဉ် တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မြို့ ချောင်းရဲစခန်းသို့ ဖုန်းဖြင့်ဆက် သွယ်ခေါ်ဆိုရာ ပထမအကြိမ်၌ ဖုန်းကိုင်ပြီး ယာဉ်တိုက်မှုဖြစ်စဉ် မေးမြန်းသည့်အခါ ဖုန်းချသွား ကာ တာဝန်ကျရဲအရာရှိက ဖြေ ကြားဆိုခြင်း မရှိခဲ့ပေ။

7Day Daily

No comments:

Post a Comment