Wednesday 12 August 2015

တောင်သမန် အင်းတွင် ငါးများ ထပ်မံသေဆုံး

တောင်သမန်အင်းအတွင်း ထပ်မံသေဆုံးနေသော ငါးအချို့ (ဓာတ်ပုံ − ချမ်းဇော်အောင်)
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ရေလုံလောက်စွာ ရှိသော်လည်း ငါးများသေဆုံးမှု ထပ်မံဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

သြဂုတ် ၉ ရက် ညနေမှ စတင်၍ ငါးသေဆုံးမှုများဖြစ်ပေါ် ခဲ့ပြီး သြဂုတ် ၁၁ ရက်အထိ ငါး များမူးဝေခြင်းများ ဆက်လက်ဖြစ် ပေါ်နေသည်။ သေဆုံးသည့် ငါး များတွင် တီလားဗီးယား၊ ဂျပန် ငါး၊ ငါးကြင်းတို့ အများဆုံးပါဝင် ပြီး ငါးသားပေါက်များနှင့် အလေး ချိန် ၃၀ ကျပ်သားခန့်ရှိ ငါးများအ ထိပါဝင်ကြောင်း ဒေသခံများနှင့် ငါးလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

အဆိုပါငါးများ သေဆုံးရ ခြင်း အကြောင်းရင်းမှာ ယခုရက် ပိုင်းအတွင်း မိုးသည်းထန်စွာရွာ သွန်းပြီး ရေမြောင်းများမှတစ်ဆင့် စက်ရုံများမှရေဆိုးများ တောင် သမန်းအင်းအတွင်း ၀င်ရောက် လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း တောင်သမန်အင်းတွင် ငါးလုပ် ငန်းလုပ်ကိုင်နေသူများက ပြော သည်။ ငါးသေဆုံးမှုမှာ တောင်သ မန်အင်း၏ မြောက်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘သြဂုတ် အစပိုင်းလောက် ကစပြီး မြစ်ရေ လုံလုံလောက် လောက်ဝင်လာတယ်။ မြစ်ရေက တောင်ဘက်အခြမ်းက ၀င်တယ်။ မြောက်ဘက် အခြမ်းကတော့ တိုက်ရိုက်ရေဆိုးဝင်တဲ့ နေရာ ပေါ့။ အခုသေနေတာက ရေဆိုး ၀င်တဲ့ မြောက်ဘက်အခြမ်းကငါး တွေသေတာ’’ဟု ငါးလုပ်ငန်းလုပ် ကိုင်သူ ဦးအောင်လွင်က ပြော သည်။ ယင်းသို့ ငါးများသေဆုံးခဲ့မှု နှင့်ပတ်သက်၍ ငါးလုပ်ငန်း ဦးစီး ဌာနသို့ တိုင်ကြားထားသည်ဟု ဦးအောင်လွင်ကပြောသည်။

တောင်သမန်အင်းအတွင်း ငါးများအစုလိုက်အပြုံလိုက်သေ ဆုံးမှုမှာ ယခုနှစ်အတွင်း လေး ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလကုန်က ငါး သေဆုံးမှုနှင့်ပတ်သက်၍ တောင် သမန်အင်းအတွင်းသို့ ရေဆိုးများ စွန့်ပစ်ခဲ့သည့် စက်ရုံ ၁၂ ရုံကို ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက တရားစွဲဆိုထားသည်။

ဧရာဝတီမြစ်ရေမြင့်တက် နေပြီး တောင်သမန်အင်းအတွင်း သို့ မြစ်ရေ၀င်ရောက်မှုများပြား လာခြင်းကြောင့် ရေတွင်ပျော်ဝင် နေသော အောက်ဆီဂျင်များပြား လာ၍ ငါးများသေဆုံးနိုင်သည့် အခြေအနေမရှိတော့ဟု ဇူလိုင် ၁၆ ရက်တွင် ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနက ပြောကြားထားသည်။

တောင်သမန်အင်းအတွင်း ရှိ ရေအရည်အသွေးနှင့် ငါးရော ဂါရှာဖွေရေးကို ဇူလိုင် ၁၃ ရက် နောက်ဆုံးဓာတ်ခွဲစမ်းသပ်ချက် အရ ရေတွင်အောက်ဆီဂျင်ပျော် ၀င်နှုန်းမှာ ရေတစ်လီတာလျှင် ၃ ဒသမ ၅ မီလီဂရမ်ရှိနေ၍ ငါး များသေဆုံးနိုင်သည့် အခြေအနေ မရှိတော့ကြောင်း ခရိုင်ငါးလုပ် ငန်းဦးစီးမှူး ဦးခင်မောင်ထွန်းက ပြောသည်။

7Day Daily

No comments:

Post a Comment