Wednesday 12 August 2015

ဆန်ဈေးနှုန်း တည်ငြိမ်ရေး ၁၉ မြို့နယ်တွင် ဆန်စပါးအသင်းချုပ်က အရောင်းဆိုင်များ ဖွင့်လှစ်

စားသုံးသူများနှင့် ရေ ဘေးလှူဒါန်းလိုသူများ ဈေးနှုန်း နှင့် အရည်သွေးမှန်ကန်စွာ ၀ယ် ယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က ဦးဆောင်၍ ရေဘေး သင့်ဒေသအချို့ အပါအ၀င် မြို့ နယ် ၁၉ ခုတွင် ဆန်အရောင်းဆိုင်များ ဖွင့်လှစ်လိုက်ကြောင်းသတင်းရရှိသည်။

အဆိုပါ ဆန်အရောင်းဆိုင် များကို သြဂုတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် ငါးနေရာ၊ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၌ လေးနေရာ၊ ဧရာဝတီတိုင်းဒေသကြီး၌ နှစ်နေရာ၊ မန္တလေး၊ မုံရွာ၊ ရွှေဘို၊ နေပြည်တော်၊ စစ်တွေ၊ ပြည်၊ မကွေး၊ ပွင့်ဖြူတို့၌ တစ်နေရာစီ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

‘‘ဒီနှစ်က ရေကြီးနစ်မြုပ်မှု တွေနဲ့ဆိုတော့ လက်လီဆိုင်တွေ မှာ ဆန်ဈေးအရမ်းတက်မှာ စိုးလို့ အရောင်းဆိုင် ဖွင့်ရောင်းပေး တာပါ’’ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

နှစ်စဉ်နှစ်တိုင်းလက်ရှိအ ချိန်သည် ဆန်ဈေးကြီးသော အ ချိန်ဖြစ်ပြီး အရန်ဆန်များထုတ် ရောင်းပေးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ၏ တောင်းဆိုမှုကြောင့် ရေဘေးသင့် ဒေသများတွင် ဆန်းဈေးတည်ငြိမ် စေရေး လက်ကားအရောင်းဆိုင် များ ဖွင့်လှစ်ပြီး ဆန်များရောင်း ချပေးရန် စီစဉ်နေကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။

‘‘မကွေးမှာ ၀န်ထမ်းတွေ စားဝတ်နေရေးအခက်အခဲဖြစ်ပြီး ဆန်ဈေးကြီးနေတော့ သမ္မတက ဆန်ရောင်းပေးဖို့ အသင်းချုပ်ကို တောင်းဆိုတယ်။ ဒါကို ချက်ချင်း အစည်းအဝေးလုပ်ပြီး အမြန်ဆုံး အရောင်းဆိုင်ဖွင့်ဖို့ စီစဉ်နေပါ တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

ပြည်တွင်းတွင် လက်ရှိ၌ဆန်ဈေးနှုန်းများ မြင့်တက်ရခြင်းသည် ရေဘေးဒုက္ခသည်များအား ကူညီ ရန် နီးစပ်ရာအရောင်းဆိုင်များမှ ဆန်ကို ရောင်းဈေးအတိုင်း ပေး၍ ၀ယ်ယူမှုများကြောင့် အပြင်ငွေ ကြေးတတ်နိုင်သူများက ရိက္ခာ ပြတ်မည်စိုးရိမ်၍ တစ်ကြိမ်တည်း ဆန်များစုပြုံဝယ်ယူမှုများကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဆန်ရောင်းချရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် ဇီယာရှယ်အမျိုးအစားဆန် တစ်အိတ် လျှင် ကျပ် ၂,၂၀၀၀၊ ၂၅ မှတ် အမျိုးအစား ဆန်တစ်အိတ်လျှင်၁၇,၅၀၀ ကျပ် မှ ၁၉,၅၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချရန် စီစဉ်ထားသည်။ အခြားမြို့များတွင်မူ သယ်ယူစရိတ်ပေါ်မူတည်၍ ဈေးနှုန်း အနည်းငယ် အပြောင်းအ လဲ ရှိနိုင်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment