Wednesday 12 August 2015

နည်းပညာတက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသူများ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ထုတ်ပေးသော မှတ်ပုံတင် ရရှိမှသာ တရားဝင်အင်ဂျင်နီယာ တစ်ယောက်အဖြစ် ရပ်တည်ခွင့် ရရှိမည်ဆိုသည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်

ရန်ကုန်နည်းပညာတက္ကသိုလ်အား တွေ့ရစဉ်။ဓာတ်ပုံ-ငယ်ထွေး(ကလေးမြို့)
နည်းပညာ တက္ကသိုလ်များမှ ဘွဲ့ရရှိပြီးသူများသည် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ မှ ထုတ်ပေးသော မှတ်ပုံတင်ရရှိမှ သာ တရားဝင်အင်ဂျင်နီယာတစ် ယောက်အဖြစ် ရပ်တည်ခွင့်ရရှိမည် ဆိုသည့်အစီအစဉ်အပေါ် လူငယ် အင်ဂျင်နီယာများအကြား ဝေဖန်မှု များပြုလုပ်လျက်ရှိကြောင်းသိရသည်။

နည်းပညာတက္ကသိုလ်များမှ ဘွဲ့ ရရှိပြီးသူများသည် ယခင်က လုပ်ငန်း ခွင်များသို့ဝင်ရောက်လျှင် အင်ဂျင်နီ ယာတစ်ယောက်အဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ မှထုတ်ပေးသည့် မှတ်ပုံတင်စာအုပ် ရရှိမှသာ တရားဝင်အင်ဂျင်နီယာတစ် ယောက်အဖြစ် ရပ်တည်ခွင့်ရရှိမည် ဖြစ်ကြောင်း၊ ယင်းမှတ်ပုံတင်စာအုပ် ရရှိရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီ ယာကောင်စီတွင် စာရင်းပေးသွင်းပြီး သတ်မှတ်ဝင်ခွင့် အရည်အချင်းစစ် ဆေးမှုများကို ခံယူသွားရတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီ ယာကောင်စီမှ သိရသည်။

''လက်ရှိမှာ ဖောင်တွေဝယ်ပြီး တော့ ကျွန်မတို့ဆီမှာ လျှောက်လို့ရ နေပါပြီ'' ဟု မြန်မာနိုင်ငံ အင်ဂျင်နီ ယာကောင်စီမှ အတွင်းရေးမှူး မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိ ယဥက္ကဋ္ဌ ဒေါ်စီသန်းက ပြောသည်။

လျှောက်ထားလိုသူများထဲတွင် ယခုနှစ် ဒီဇင်ဘာလ၌ အင်ဂျင်နီယာ လုပ်သက် ၁၅ နှစ်မှ နှစ် ၃ဝ အထိရှိ သော ဝါရင့်အင်ဂျင်နီယာကြီးဖြစ်ပါ က ဝင်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆို ရန်မလိုဘဲ နည်းပညာတက္ကသိုလ် များမှ ဘွဲ့ရရှိပြီး အင်ဂျင်နီယာအ ဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ် မည့် သူများသာ ဝင်ခွင့်စာမေးပွဲများ ဝင်ရောက်ဖြေဆိုပြီး မှတ်ပုံတင်လက် မှတ်များထုတ်ပေးသွားမည်ဖြစ်သည်။
လျှောက်ထားသူများသည် မြန် မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သတ် မှတ်ထားသည့် သင်တန်းများတက် ရောက်ခြင်း၊ အင်ဂျင်နီယာ၏ ဘေး ရန်ကင်းရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊ အင်ဂျင်နီယာ ပုဂ္ဂလိကသင် တန်းများ၊ စီမံခန့်ခွဲခြင်းသင်တန်း၊ လုပ်ငန်းပရောဂျက်တစ်ခုအား အစ အဆုံးရေးဆွဲပြီး မြန်မာနိုင်ငံ အင် ဂျင်နီယာကောင်စီ၏ တာဝန်ရှိသူများ ရှေ့မှောက်၌ ရှင်းလင်းပြောကြားခြင်း များကို အင်တာဗျူးအစစ်အဆေးခံ ရမည်ဟု သိရသည်။

အကြီးစားစက်ယန္တရားများ ရောင်းဝယ်ရေးကုမ္ပဏီတွင် အရောင်း အင်ဂျင်နီယာအဖြစ် လုပ်ကိုင်နေသော ကိုမင်းညီညီက ''လောလောဆယ် ကျွန်တော် ဒီကိစ္စကို အကြမ်းဖျင်း လောက်ပဲသိထားသေးတယ်။ လက် ရှိအင်ဂျင်နီယာနဲ့ အလုပ်လုပ်နေတဲ့ သူတွေ မှတ်ပုံတင်ရမယ်ဆိုတာကို ပေါ့။ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ တော့ ဒီကိစ္စကို အများစုမကျေနပ် ကြဘူး။ ကျွန်တော်တို့ ကျောင်းပြီး အောင် ငါးနှစ်ဆိုတဲ့အချိန်ကို ရင်းခဲ့ ရတယ်။ ငါးနှစ်တာအတွက် ငွေကုန် ကြေးကျခံခဲ့ရတယ်။ တက်ရတာက လဲ နီးနီးနားနားမဟုတ်ဘူး။ မြို့ပြင် သွားတက်ခဲ့ရတာ။ ဒီလိုလုပ်လိုက် တာက ဘာသဘောလဲဆိုတာတော့ မပြောတတ်ဘူး။ လက်ရှိကျောင်းတက် နေတဲ့ ကျောင်းသားတွေအတွက်တော့ စိတ်ပျက်စရာကိစ္စတစ်ခုပါ'' ဟု ပြော သည်။ 

သို့မှသာ မြန်မာနိုင်ငံအင်ဂျင်နီ ယာအသင်း အသိအမှတ်ပြု အနိမ့်ဆုံျးွ.န၊ ဒုတိယျွှန၊ အမြင့်ဆုံး ဏ.န အင်ဂျင်နီယာများအဖြစ် အသိအမှတ် ပြုစာအုပ်များရရှိမှသာလျှင် ဘာသာ ရပ်အလိုက် ပုဂ္ဂလိကလုပ်ငန်းခွင်များ တွင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင် နိုင်မည်ဖြစ်သည်။

''ဒီလိုလုပ်တာဟာ ဆရာဝန်တွေ ဆေးကျောင်းပြီးရင် 'ဆမ' လက်မှတ် ယူပြီးမှ ဆရာဝန်ဖြစ်သလိုလုပ်တာ လို့ယူဆပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ အင်ဂျင်နီယာတွေနဲ့ပတ်သက်ပြီး လုပ်သက်ဘယ်လောက်ရှိပြီလဲဆိုတာ ကို တရားဝင်သတ်မှတ်ပေးနိုင်ခြင်း မရှိသေးဘူး။ ကျောင်းပြီးလို့ လုပ်ငန်း ခွင်တစ်ခုကို ဝင်လိုက်တယ်။ အဲဒီလုပ် ငန်းမှာ ငါးနှစ်လောက်လုပ်ပြီးနောက် အလုပ်တစ်ခုကိုပြောင်းတယ်။ နောက် တစ်ခုမှာ လုပ်သက်ဘယ်လောက်ရှိ ပြီလဲ ဆိုလိုလာပြီ။ ဒါဆိုရင် အရင်အ လုပ်က နားလည်မှုရှိစွာ ထောက်ခံ ချက်ရေးပေးမယ်ဆိုရင်တော့ ပြဿ နာမရှိဘူး။ ဒီလိုမဟုတ်ဘဲ ထောက် ခံချက်မရဘူးဆိုရင် သူဘာမှလုပ်လို့ မရတော့ဘူး။ ဒီမှာလုပ်သက်ယူပြီး နိုင်ငံတကာမှာ အလုပ်သွားလုပ်မယ် ဆိုရင်လဲ ဒီအတိုင်းပဲဆားဗစ်ထောက် ခံချက်လိုတယ်။ ဒီလို မှတ်ပုံတင်လက် မှတ် လုပ်လိုက်ခြင်းအားဖြင့် ဆားဗစ် ဘယ်လောက်ရှိပြီလဲဆိုတာကို တရား ဝင်ဖြစ်သွားပြီ'' ဟု မြန်မာနိုင်ငံ အင် ဂျင်နီယာအသင်းမှ အမှုဆောင်အ ရာရှိချုပ် ဦးမြင့်စိုးက မှတ်ချက်ပြု ပြောသည်။

''ဒီကိစ္စက ကျွန်တော်တို့ ကျောင်း သားတွေအတွက် ဒုက္ခရောက်စေမယ့် ကိစ္စတစ်ခုပါ။ ဒီကိစ္စကို ကျွန်တော် တို့ကျောင်းသားတွေတိုင်ပင်ပြီး အ ဖြေတစ်ခုရအောင် ဆောင်ရွက်ရမှာ ပါ''ဟု သန်လျင်နည်းပညာ တက္က သိုလ် မက်ကထရောနစ်မေဂျာဖြင့် ဒုတိယနှစ်တက်ရောက်နေသော ကျောင်းသားတစ်ဦးက ပြောသည်။

ATK
DemocracyToday သတင်းစာမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment