Wednesday 12 August 2015

ဂူးဂဲလ်ကုမ္ပဏီကို အယ်လ်ဖာဘတ်အမည်သစ်ဖြင့် ပြန်လည်ဖွဲ့စည်း

အယ်လ်ဖာဘတ် (Alphabet)ဟု အမည်ပေး ထားသော မိခင်ကုမ္ပဏီအသစ် တစ်ခု တည်ထောင်ခြင်းဖြင့် ဂူးဂဲလ်ကုမ္ပဏီက လုပ်ငန်းပြန်လည် ဖွဲ့စည်းမှုကို မမျှော်လင့်ဘဲ ကြေ ညာခဲ့သည်။
ယင်းကဲ့သို့ အမည်ပြောင်း လဲခြင်းအရ ဂူးဂဲလ်ကုမ္ပဏီက ၀က်ဘ်ဆိုက်ရှာဖွေရေး၊ အက်ပ လီကေးရှင်းများ ထုတ်လုပ်ရေး၊ ယူကျု့ဘ်နှင့် Andriod တို့ကဲ့သို့ ၎င်းတို့၏ လူသိအများဆုံး စီးပွား ရေးလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံရေးနှင့် သုတေ သနဌာနများ၊ smart phone လုပ်ငန်း၊ Nest နှင့် မောင်းသူမဲ့ လေ ယာဉ်လုပ်ငန်းတို့ကဲ့သို့ လုပ်ငန်း သစ်အချို့ကို အယ်လ်ဖာဘတ် ကုမ္ပဏီ လက်အောက်တွင် လုပ် ကိုင်သွားမည်ဖြစ်သည်။

ယခုအစီအစဉ်က မတူညီ သော စီးပွားရေးလုပ်ငန်း အမျိုး မျိုး ပါဝင်သည့် ကုမ္ပဏီကြီး၏ ဖွဲ့စည်းပုံကို ပိုမိုရိုးရှင်းသွားစေမည်ဟု ဂူးဂဲလ်တည်ထောင်သူလာရီပေ့ခ်ျက ပြောသည်။

ပေ့ခ်ျသည် အယ်လ်ဖာဘတ် ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် ဖြစ်လာမည်ဖြစ်ပြီး ဒုဥက္ကဋ္ဌ ဆန်ဒါပီချိုင်မှာ ဂူးဂဲလ် အမှု ဆောင် အရာရှိချုပ် ဖြစ်လာမည် ဖြစ်သည်။

ဂူးဂဲလ် ဘဏ္ဍာရေးမှူးချုပ် အသစ် ရုသ်ပိုရတ်မှာ ဂူးဂဲလ်ကုမ္ပဏီနှင့် အယ်လ်ဖာဘတ်ကုမ္ပဏီ နှစ်ခုလုံး၏ ဘဏ္ဍာရေးမှူးချုပ် ရာထူး ရရှိမည်ဖြစ်သည်။

အယ်လ်ဖာဘတ်ဆိုသော အမည်ကို ရွေးချယ်ရသည့် အ ကြောင်းရင်း နှစ်ခုရှိပြီး ပထမအ ချက်မှာ ဂူးဂဲလ်ဝက်ဘ်ဆိုက် ရှာ ဖွေမှုကို မိမိတို့ စာရင်းပြုလုပ်ပုံ၏ ဗဟိုချက်ဖြစ်သော ဘာသာစကား ကို ကိုယ်စားပြုခြင်းကြောင့် ဖြစ် ကာ Alphabet အယ်လ်ဖာဘတ်ဆိုသော ဝေါဟာရက မိမိတို့ လုပ်ဆောင်ရန် ကြိုးစားသည့် စံသတ်မှတ်ချက်ထက်ကျော်၍ ရင်းနှီးမြှုပ်နှံမှု ပြန်ရောက်လာမည်ဟု ဆိုခြင်းကြောင့်ဖြစ်သည်ဟု ပေ့ခ်ျက ပြောသည်။

Ref: BBC

No comments:

Post a Comment