Wednesday 12 August 2015

လက်ပံဖြိုးခွင်းမှု တာဝန်ရှိ ရဲမှူးနှင့် အာမခံ ၁၁ ဦးလျှောက်ထားမှု ပယ်ချခံရ

လက်ပံတန်း ပင်မသပိတ်စစ်ကြောင်းကို ဖြိုးခွင်းခဲ့ရာတွင် တာဝန်ရှိ ရဲမှူးနှင့် ၁၁ ဦး အာမခံလျှောက်ထားမှုကို သာယာဝတီ တရားရုံးက ပယ်ချလိုက်ကြောင်း အဆိုပါ တရားရုံးမှ သိရသည်။

ဗကသ ကျောင်းသားများနှင့် ဝန်းရံသူ များကို သက်ဆိုင်ရာက ပုဒ်မ ၅ ခုဖြင့် တရားစွဲဆိုထားရာ ၎င်းတို့က ဖြိုခွင်းမှုတွင် တာဝန်ရှိသူများကို အရေးယူပေးရန် ပြန်လည် တရားစွဲဆိုမှု နှင့် ကျန်းမာရေးမကောင်းမှုနှင့် ကျောင်းဆက်လက်တက်ရန်အတွက် အာမခံတောင်းမှုကို တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။

"တရားစီရင်ရေးမဏ္ဍိုင် တကယ်လွတ်လပ်တယ်ဆိုရင် တရားပြန်စွဲခွင့်ရသင့်တယမ။ ကလေးတွေကို ရမာန်မယူပဲထားတဲ့ကိစ္စ တွေပေါ့။ တဖက်က တရားစွဲသလို ကျွန်တော်တို့မှာလည်း တရားပြန်စွဲခွင့်ရှိသင့်တယ်။ "ဟု ပင်မစစ်ကြောင်းမှ ခေါင်းဆောင် ကိုနန္ဒစစ်အောင်ကပြောသည်။

လက်ရှိအချိန်တွင် သာယာဝတီထောင်တွင် ဗကသ ကျောင်းသားနှင့် ဝန်းရံပြည်သူ ၅၄ ဦးကို ဖမ်းဆည်းထားဆဲဖြစ်ပြီး တရားရုံးချိန်း အကြိမ်အရေအတွက်များလာသည်နှင့်အမျှ လူများ၏ စိတ်ဝင်စားမှုလည်း လျော့နည်းလျက်ရှိကြောင်း သိရသည်။

သော်ဇင်စိုး
The Myanma Age

No comments:

Post a Comment