Wednesday 12 August 2015

တပ်မတော်ထိပ်တန်းရာထူးများအပြောင်းအလဲပြုလုပ်

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် တပ်မတော်ထိပ်တန်း အရာရှိကြီးများ အငြိမ်းစားယူသွားပြီး ရက်ပိုင်းအတွင်း ၎င်းတို့၏ နေရာများတွင် တပ်မတော်အရာရှိ ၄၅ ဦးအား သြဂုတ် ၁၀ရက်က အစားထိုးခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီး သူရသက်ဆွေက အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ ၎င်းရာထူးကို ယခင်စစ်ဦးစီးအရာရှိချုပ်(ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်းအား ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်။ ထို့ကြောင့် လစ်လပ်သွားသော စစ်ဦးစီးအရာရှိချုပ် (ရေ)အဖြစ် မကြာသေးမီက ကွယ်လွန်သွားသော လွှတ်တော်အမတ်နှင့် စက်မှု (၁) ၀န်ကြီးဟောင်းဦးအောင်သောင်း၏သား ဗိုလ်မှူးချုပ် မိုးအောင်အား ရာထူးတိုးခန့်အပ် လိုက်သည်။

နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် တပ်မတော်ထိပ်တန်းအရာရှိကြီးများအနားယူပြီး ရက်ပိုင်းသာခြား၍သြဂုတ် ၁၀ ရက်တွင် စစ်တပ်ထိပ်တန်းအရာရှိ ၄၅ ဦးအား ရာထူးပြောင်းရွှေ့တိုးမြှင့်ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်မှလာသော သတင်းများ အရ သိရသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)များအဖြစ်    လေးဦးထပ်မံခန့်အပ်ခဲ့ပြီး    ဗိုလ်ချုပ်ထွန်းထွန်းနောင်အား ကစထမှူး (၁) အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီးရာပြည့်အား ကစထမှူး (၂)အဖြစ် လည်းကောင်း၊ ဗိုလ်ချုပ်အောင်ကျော်ဇောအား ကစထမှူး (၃)အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ် မင်းနောင်အား ကစထမှူး (၄)အဖြစ်လည်းကောင်း အသီးသီး ရာထူးတိုးမြှင့်ခန့်အပ် လိုက်ကြောင်း သတင်းရရှိသည်။

၎င်းတို့သည် ယခင်စစ်တိုင်းမှူး များနှင့် တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်တာဝန်ထမ်းဆောင် နေရာမှ ရာထူးတိုးမြှင့်သွားခြင်း ဖြစ်သည်။

ယခင် ကစထမှူးများဖြစ်သော ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဒုဗိုလ်ချုပ်ကြီး လှမင်းတို့က တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်းတို့သည် အငြိမ်းစားယူကာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ကစထမှူး(၅)နှင့်(၆) ဖြစ် သော ဒုဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးတို့မှာ လောလောဆယ်တွင် အပြောင်း အလဲမရှိပေ။

ထို့အပြင် တပ်မတော်အ တွင်း အရေးကြီးရာထူးဖြစ်သည့် စစ်ရာထူးခန့်ချုပ်နေရာကို ယခင်အနောက်တောင်ပိုင်း စစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လူအေးအား တိုးမြှင့်ခန့်အပ်လိုက်ကြောင်း တပ်မတော်နှင့်နီးစပ်သူများက ပြောသည်။ အလားတူ ကာကွယ်ရေးဝန်ကြီးဌာန စာရင်းစစ်ချုပ်ရာထူး အား ယခင်စစ်တိုင်းမှူးဖြစ်သော ဗိုလ်ချုပ် သန်းထွန်းဦးအား ရာထူးတိုးခန့်အပ်သည်။

တပ်မတော်ထိပ်တန်းအရာ ကြီးများအနက်အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်ရာက်ယှဉ်ပြိုင် မည့် သူများတွင် ဗိုလ်မှူးကြီးနှင့်အ ထက် ၅၆ ဦးရှိသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်မှအပြန် ရေဘေးသင့်ရခိုင်ပြည်နယ်သို့သွားရောက်ပြီး နေ ပြည်တော်ပြန်ရောက်လာချိန် တွင် သြဂုတ် ဒုတိယပတ်၌ တပ်မ တော်မှ အငြိမ်းစားယူပြီး ရွေး ကောက်ပွဲဝင်ပြိုင်မည့် ၎င်းတို့အားတွေ့ဆုံအမှာစကားပြောကြားခဲ့ ကြောင်း တပ်မတော်နှင့် နီးစပ်သူ များထံမှ သတင်းရရှိသည်။

ထို့ကြောင့် ယခုရာထူးတိုး မြှင့်ခန့်အပ်သူမှာ ၄၅ ဦးသာရှိသေး ပြီး ရွေးကောက်ပွဲအတွက် အ ငြိမ်းစားယူသော တပ်မတော်ထိပ် တန်းအရာရှိ ၅၀ ကျော်ရှိ၍ ရာထူးထပ်မံတိုးမြှင့်ရန် ရှိနေသေးကြောင်း တပ်နှင့်နီးစပ်သူများက ပြောသည်။ ရာထူးတိုးမြှင့်ခြင်းခံရသောတပ်မတော်အရာရှိများသည် တပ် ၏ အစဉ်အလာအတိုင်း မကြာမီလပိုင်းအတွင်း ရာထူးအလိုက်တပ်မတော်အဆင့်များလည်း တိုး မြှင့်သွားမည် ဖြစ်သည်။

တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းမှာ အငြိမ်းစားယူပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်သော်လည်းသြဂုတ် ၁၀ ရက်တွင်ခန့်အပ်သော တပ်မတော်အရာရှိ ၄၅ ဦးစာရင်းတွင် ၎င်း၏ ရာထူးကို အစားထိုးခန့်အပ်မှုမတွေ့ရသေးပေ။

ထို့အပြင်ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့သည်လည်း အငြိမ်းစားယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ တပ်ထိပ်တန်း အရာရှိကြီးများ တစ်ကြိမ်တည်း အငြိမ်းစားယူခြင်း၊ အစားထိုးခန့်အပ် ခြင်းမှာ လက်ရှိအစိုးရလက်ထက် တွင် အရေအတွက်အများဆုံးအ ပြောင်းအလဲဖြစ်သည်။ ထို့နည်း တူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ကိုယ်တိုင်ခန့်အပ်ခဲ့သူများမှာ စစ်ဘက် ထိပ်တန်းအရာရှိကြီးများတွင် အနည်းငယ်သာကျန်ရှိတော့ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာ သူများက ပြောသည်။

7Day Daily 

No comments:

Post a Comment