Monday 23 March 2015

ဧပြီ ၁ရက်မှ မေ ၁ရက်ထိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည် တင် ယာဉ်များ၌ Telematics စနစ်တပ်ဆင် ကာလ သတ်မှတ်လျာထားပြီး ထိုကာလ အတွင်း Telematics စနစ် တပ်ဆင်ထားခြင်း မရှိသည့် ခရီးသည် တင် ယာဉ် များ ကို ဖြတ်သန်းခွင့်ပြုတော့ မည်မဟုတ်ဟုဆို

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သွားလာမောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်များ အနေဖြင့် Telematics စနစ်တပ်ဆင် သွား လာရ မည်ဖြစ်ကာ ယင်းစနစ် တပ်ဆင်ကာလအဖြစ် ဧပြီ ၁ရက်မှ စတင် မည်ဖြစ်ပြီး မေ ၁ရက် အထိ တပ်ဆင် ခွင့်လျာထားပေးကာ ယင်း စနစ်တပ် ဆင်ထားခြင်းမရှိသည့်ခရီး သည်တင်ယာဉ်များကို ဖြတ်သန်း သွားလာခွင့်ပြု မည် မဟုတ်ကြောင်း ရန် ကုန်-မန္တလေးအမြန်လမ်းပြုပြင် ထိန်း သိမ်းရေး အဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်း ကိုအသုံးပြုသွားလာလျက်ရှိသော ယာဉ်များ အနေဖြင့် Telematics စနစ်ဖြင့် ထိန်းချုပ်နိုင်ရန် အတွက် ယင်း ကဲ့သို့ စီစဉ်ခြင်းဖြစ်ပြီး မေ ၁ရက်မှ စတင် ၍ Telematics စနစ်တပ်ဆင် ထား ခြင်း မရှိသည့် ခရီးသည်တင်ယာဉ် များကို ဖြတ်သန်းသွားခွင့် မပြုရန် လျာထားကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

ရန်ကုန်-မန္တလေးအမြန် လမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန် ရှိသူ တစ်ဦး က'' Over Speeds ဖြစ် အောင် Telematics စနစ်နဲ့ထိန်း ချုပ်ဖို့ကြိုး စားကြတာပါ။ Telematics စနစ်ကိုတပ်ထားခြင်းအားဖြင့် ၂၄ နာ ရီ Operator တွေ တာဝန်ချထားပြီး ယာဉ်တွေရဲ့သွားလာတာတွေ၊ ရပ် တာတွေ ကို စောင့်ကြည့် သွားမှာပါ''ဟု ပြောသည်။

အမြန်လမ်းမကြီးအသုံးပြု မော် တော်ယာဉ် များတွင် စနစ်တပ်ဆင် ပြီးပါ က မော်တော်ယာဉ်၏အရှိန် နှုန်း၊ ယာဉ်မောင်း၏ ယာဉ်မောင်းနှင် သည့် အပြုအမူယာဉ်ရပ်နားခွင့်ရှိ/ မရှိသောနေရာများ၊ ယာဉ်သွားလာ ခဲ့မှုမှတ်တမ်းများ၊ ခရီးအကွာအဝေး၊ ယာဉ်ရပ်နားချိန်များအားအ ချိန်နှင့်တစ်ပြေးညီ Traffic Information Center နှင့် Traffic Control Center များမှ စောင့် ကြည့် ထိန်း ချုပ်ပြီး သတ်မှတ်စည်းကမ်းကျော် လွန်သည့်ယာဉ်များအား ယာဉ်တွင် တပ်ဆင်ထားသော Telematics Device ကိုဆက်သွယ်ပြီး သတိပေး နိုင်ခြင်း၊ Telematics Device ပါ အရေးပေါ်ခလုတ်ကိုနှိပ်ပြီး အကူအ ညီတောင်းခံလာ မှုအား ချက်ချင်းသိ ရှိနိုင်၍ လိုအပ်သည့်အကူအညီ ဆက်သွယ်ကာ အချိန်နှင့်တစ်ပြေး ညီဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း
သိရသည်။

ယင်းက'' Telematics စနစ် ကိုအသုံးပြုပြီး ယာဉ်တွေကို ခြေရာခံ ပြီး အဆက် မပြတ်စောင့်ကြည့်မှာ ဖြစ်ပြီး ဒီလမ်းမှာ ယာဉ်တွေ ဘယ် နှစီး သွားနေလဲ၊ ဘယ်နေရာတွေရပ် နေလဲဆိုတာ သိရှိနိုင်မှာပါ။ ဒီအ တွက် ယာဉ်လိုင်းတွေက တစ်လကို နှစ်သောင်းနဲ့ တစ်နှစ်စာကျပ် ၂၄၀၀၀၀ ပေး သွင်းရမှာပါ။ ဒါက ကုမ္ပဏီရဲ့ စက်တန်ဖိုးနဲ့ဝန်ဆောင်ခပါ။ ဒီက စောင့်ကြည့် သလိုပဲ ယာဉ်လိုင်းပိုင် ရှင်တွေကလဲ သူ့ယာဉ်ဘာလုပ်တယ် ဆိုတာ ပြန်စောင့်ကြည့် နိုင်မှာပါ''ဟု ပြောသည်။

လက်ရှိတွင် အဝေးပြေးယာဉ် ပိုင်ရှင်အများ စုတွင် အဆိုပါစနစ် ကိုတပ်ဆင် ထားခြင်းမရှိကြောင်း သိရ သည်။

စိန်ဌေး လှိုင် အဝေးပြေး ယာဉ် လိုင်းမှ ဦးအောင်က''ဒီစက်ကိုတပ် ဆင်လို့ ရပြီဆိုပြီးစာပို့ထားပေမယ့် ယာဉ်လိုင်းတော်တော် များများမ တပ်ထားဘူး။ တချို့ယာဉ်ပိုင်ရှင်တွေ က ကန့်ကွက်စာတွေပို့တာလဲရှိ တယ်။ ဒီစက်တပ် လိုက်တာ ဦးတို့ အတွက် ကုန်ကျစရိတ်ကုန်တာ ပို များလာမှာပဲရှိတယ်။ အမှန်က အဲဒီ စနစ်က စက်ကိရိယာပဲရှိတာ။ ယာဉ် တိုက်မှုမဖြစ်အောင် ယာဉ်မောင်း ပေါ်မှာမူတည်တယ်။ ယာဉ်မောင်း ကအဓိကပဲ။ မဖြစ်မနေ တပ်ဆင်ရ မယ်ဆိုရင်တော့ တပ်ရမှာပေါ့''ဟု ပြောသည်။

အမြန်လမ်းတွင် Telematics စနစ်တပ်ဆင်သွားလာခြင်းကို ကုန် စည်တင် ယာဉ်များတွင် မတ် ၁၀ ရက် မှစတင်ခဲ့ပြီး ကိုယ်ပိုင် ယာဉ်ငယ်များ လည်း စမ်းသပ်လျက်ရှိသော Telematics(Plug And Go) စနစ်အား ဆက်လက် တပ်ဆင်ပေးသွား မည်ဖြစ် ကြောင်းနှင့် ယင်းအမြန်လမ်းမပေါ် တွင် မော်တော် ယာဉ်များ အနေဖြင့် ယာဉ်ရပ်နားစခန်းမှလွဲ၍ မည် သည့် နေရာ များတွင် မှ ရပ်နားခွင့်ပြုမည် မဟုတ်ကြောင်း၊ ရပ်နားခြင်း ကိုနှစ် ကြိမ် ထက်ကျော်လွန်ပါက ယာဉ်မောင်း လိုင်စင်သုံး လပိတ်သိမ်း မည်ဖြစ် သည်။

TEEP
Democracytoday‬

No comments:

Post a Comment