Monday 23 March 2015

မြို့ပတ်ရထားစင်းလုံးငှားပြီး နိုင်ငံခြားသားများအား မြန်မာ့ရိုးရာ အနုပညာဖြင့်ဖျော်ဖြေ

ရထားပေါ်တွင် နိုင်ငံခြားသားများကို ရုပ်သေးပညာရှင်က ဖျော်ဖြေနေစဉ် (ဓာတ်ပုံ − ထွေးဦးမြန်မာ ဖေ့စ်ဘွတ်ခ်)
မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အနုပညာများ ကို ဗြိတိန်နိုင်ငံသားများနှင့် နိုင်ငံ တကာမှ နိုင်ငံခြားသားများလေ့ လာနိုင်စေရန် ဗြိတိန်သံရုံးက ဦးစီး၍ မြို့ပတ်ရထားတစ်စီး စင်းလုံးငှားကာ အနုပညာသရုပ် ဖော်ပြကွက်များဖြင့်ဖျော်ဖြေမှု များပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။

‘‘မြန်မာနိုင်ငံကို ရောက်နေ တဲ့ ဗြိတိန်နိုင်ငံသားတွေနဲ့ အခြား သံရုံးတွေက နိုင်ငံခြားသားတွေကို ဖိတ်ခေါ် ပြီး မြန်မာ့ယဉ်ကျေးမှုအ နုပညာတွေနဲ့ ရန်ကုန်မြို့ရဲ့ အ ငွေ့အသက်ကို ခံစားလေ့လာနိုင် စေဖို့ အဓိကရည်ရွယ်ပြီး ပြုလုပ် ပေးတဲ့အစီအစဉ်တစ်ခုပါ’’ဟု အ ဆိုပါအစီအစဉ်တွင် ရုပ်သေးအနု ပညာဖြင့် သရုပ်ဖော်ဖျော်ဖြေခဲ့ သည့် ဦးထွေးဦးကပြောသည်။

ယခုအစီအစဉ်ကို ဗြိတိန်သံရုံးကဦးစီး၍ မတ်လ ၁ရက်မှစတင် ကျင်းပသည့်ရန်ကုန်တို့ အနုပညာအိမ် ပွဲတော် (My YangonMy Home) အစီအစဉ်၏ နောက်ဆုံးနေ့ အထိမ်းအမှတ် အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပအနုပညာရှင်ပေါင်းသုံးဆယ်ကျော်က ပူးပေါင်း၍ ဖျော်ဖြေခဲ့ခြင်းဖြစ် သည်။

အဆိုပါဖျော်ဖြေမှုကို မတ် လ ၂၂ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စင်းလုံးငှားထားသည့် ရထားပေါ်၌ ရထားတွဲ လေးတွဲတွင် အနုပညာဖျော်ဖြေရေးကဏ္ဍလေးခုခွဲကာ ပြုလုပ်ခ့ပြီးဘူတာလေးခု၌ ရပ်နားခဲ့ကာ ဖျော်ဖြေမှု အစီအစဉ် များကို အလှည့်ကျလေ့လာကြည့် ရှုစေခဲ့ကြောင်းသတင်းရရှိသည်။

ဖျော်ဖြေမှုများ ပြုလုပ်ရာ တွင် မြို့ပတ်ရထားစီးခရီးသည် များနှင့် ဈေးသည်များ၏ ဘ၀ကို သရုပ်ဖော်ခြင်း၊ ရုပ်သေးအနုပ ညာသရုပ်ဖော်ခြင်းများပြုလုပ် ခြင်း၊ ပန်းချီအနုပညာများနှင့် ရိုး ရာယဉ်ကျေးမှုဓလေ့များကို သရုပ် ဖော်၍ ဖျော်ဖြေမှုများပြုလုပ်ခဲ့ ကြောင်းသတင်းရရှိသည်။ 

‘‘ပြဇာတ် သရုပ်ဖော်တွေပြု လုပ်ခဲ့ကြတာပါ။ မြို့ပတ်ရထား စီးတဲ့ လူတွေနဲ့တွေ့ပြီးဇာတ်လမ်း မေးတယ်။ ခရီးသွားတွေရော၊ဈေး ရောင်းသူတွေရော၊ တောင်းရမ်း သူတွေကိုပါမေးပြီး ဇာတ်ညွှန်းခွဲ ပြီး အနုပညာ တင်ဆက်မှုတွေလုပ် ခဲ့တာပါ’’ဟု ပါဝင်ဖျော်ဖြေခဲ့သူ ပန်းချီကိုထိန်လင်းကပြောသည်။ 

‘‘ဒီအစီအစဉ်ကို ပြည်တွင်းက နီးစပ်တဲ့လူအချို့လောက်ပဲ ကြည့်ခွင့်ရခဲ့တယ်။ တကယ့် အောက်ခြေ လူတန်းစား တွေက တော့ ကြည့်ခွင့်မရခဲ့ဘူး။ ရထား ဖြတ်သွားမှ အံ့သြမှုတွေနဲ့ ကြည့် နေကြတာကို တွေ့ရတယ်။ အစိုး ရအနေနဲ့လည်း အခုလိုမျိုးအစီအ စဉ်တွေကို ပြည်သူတွေလေ့လာ လို့ရအောင် လုပ်ပေးစေချင်ပါ တယ်’’ဟု ရုပ်သေးသရုပ်ဖော်ဖြင့် ဖျော်ဖြေခဲ့သူဦးထွေးဦးကအကြံ ပြုသည်။

7Day Daily

No comments:

Post a Comment