Monday 23 March 2015

နောင်မွန်းဆေးရုံတွင် ဆရာဝန် လစ်လပ်နေသည်မှာ ငါးနှစ်ခန့် ကြာမြင့်

မြန်မာပြည်မြောက်ဖျားပိုင်း အစွန်ဆုံးမြို့ နောင်မွန်းမြို့အ၀င်ဆိုင်းဘုတ် (ဓာတ်ပုံ − မရန်) 
နောင်မွန်− မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်းမြို့ဖြစ်ပြီး ပူတာအိုခရိုင်အတွင်း တည်ရှိသည့် နောင်မွန်းမြို့တွင် ဆေးရုံရှိသော်လည်း ဆရာဝန်မရှိသည်မှာ ငါးနှစ်ကြာမြင့်ပြီဖြစ်ကြောင်း ဒေသ ခံများက ပြောသည်။

ဆေးရုံရှိသော်လည်း ဆရာဝန်မရှိသဖြင့် ဖျားနာပြီး ရောဂါပြင်းထန်လျှင် ပူတာအိုမြို့သို့ အထမ်းဖြင့် သယ် ဆောင်သွားရကာ ထိုသို့သွားရာတွင်လည်း လမ်းခရီးတွင် တစ်ညအိပ်ရကြောင်း ဒေသခံများက ပြောကြား သည်။

‘‘တစ်ခါတစ်ခါ လမ်းမှာပဲ သေသွားတဲ့သူတွေလည်း ရှိတယ်’’ ဟု ကချင်နှစ်ခြင်း အသင်းတော်မှ နောင်မွန်း ဇုန်နယ် အတွင်းရေးမှူး ဆရာဆင်ဆာရ်းက ဆိုသည်။

လမ်းပန်းဆက်သွယ်ရေး မလွယ်ကူဘဲ စားရေး၊ သောက်ရေးခက်ခဲလွန်းသည့်အတွက် နောင်မွန်းသို့ တာဝန် ကျသည့် ဆရာဝန်အချို့သည် အလုပ်မှ ထွက်သွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

တာဝန်ကျ ဆရာဝန်အချို့သည်လည်း အလွန်ဆုံး တစ်နှစ်သာ တာဝန်ထမ်းဆောင်နိုင်ကြပြီး တစ်နှစ်ကျော် သည်နှင့် နေရပ်ပြန်သွားကြကြောင်း ဒေသခံများက ဆိုသည်။

နောင်မွန်းမြို့သည် လူဦးရေ ခြောက်ထောင်ခန့် နေထိုင်သော မြန်မာနိုင်ငံ မြောက်ဖျားစွန်းရှိဝေးလံခေါင်သီ သည့် မြို့တစ်မြို့ ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment