Monday 23 March 2015

စင်ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်နှင့် အာရှ၏ ၀ါရင့်ခေါင်းဆောင်ကြီး မစ္စတာလီကွမ်ယူ ကွယ်လွန်

မစ္စတာလီကွမ်ယူကို ၁၉၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အရှေ့ ဖျားဒေသ ဗြိတိန်နိုင်ငံ၏ အဓိကရေတပ် စခန်းတည်ရှိရာ ဗြိတိသျှကိုလိုနီ နယ်မြေတစ်ခု ဖြစ်သည့် စင်ကာပူကျွန်းတွင် မွေးဖွားခဲ့ သည်။

ဖခင်မှာလီချင်ကွန်းနှင့် မိခင်မှာချွာကျင်းနီဖြစ်ပြီး ၁၉ ရာစုမှ စ၍ စင်ကာ ပူနိုင်ငံ၌ အခြေချနေ ထိုင်သည့် ကြွယ်ဝသော တရုတ်မိသားစုတစ်စု မှ ပေါက် ဖွားလာသူ များဖြစ်သည်။

ဗြိတိန်နိုင်ငံကိန်းဘရစ်မြို့ရှိ Fitzwilliam ကောလိပ်၌ ဥပဒေပညာရပ်ကို ဆည်းပူးလေ့ လာခဲ့ပြီး ၁၉၄၉ ခုနှစ်တွင် ပထမ အဆင့်ဖြင့် ထူးချွန် စွာအောင်မြင် ခဲ့ သည်။

လီကွမ်ယူသည် စင်ကာပူကျွန်းကိုကိုလိုနီနယ်မြေဘ၀မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် ဦးဆောင်ကြိုး ပမ်းခဲ့သူ လည်းဖြစ်သည်။

၁၉၅၄ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များနှင့် ခွဲထွက်ပြီး ပြည် သူ့ အက်ရှင်ပါတီ (People’s Action Party) ကိုထူထောင်ခဲ့သည်။ ၁၉၅၉ ခုနှစ် ဇွန် ၅ ရက်တွင်လွတ်လပ်သော စင်ကာပူနိုင်ငံ၏ ပထမဆုံးသော ၀န်ကြီးချုပ် အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

၁၉၆၃ ခုနှစ်တွင် စင်ကာပူ၊ ဆာဘားနှင့် ဆာရာဝပ်တို့သည် မလေး ကျွန်း ဆွယ်ကြီးကို ကိုယ်စားပြုသည့် မလေးယားပြည်ထောင်စု (Federation of Malaya) နှင့် ပေါင်းစည်း ကာမလေးရှားနိုင်ငံကိုထူထောင်ခဲ့သည်။

၎င်းနောက်သုံးနှစ်ခန့်တွင် သဘောထားကွဲလွဲမှုကြောင့် စင်ကာပူ ကိုပြန် လည် ခွဲထွက် ခဲ့ပြီးလီကွမ်ယူက စင်ကာပူနို င်ငံသစ် ကိုဦးဆောင် ခဲ့သည်။

လီကွမ်ယူ၏ ဦးဆောင်မှုဖြင့် စင်ကာပူနိုင်ငံသည်ရွှံ့ညွန်ထူပြီး ခြင်ပေါသော တံငါရွာလေး အဖြစ်မှ လွတ်လပ် ပြီး စည်ပင်ဖွံ့ဖြိုးသောနိုင်ငံအဖြစ် သို့ပြောင်း လဲပေးခဲ့သည်။

ယခုအခါ စင်ကာပူနိုင်ငံသည် စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံ အဖြစ် သို့ ရောက်ရှိလာပြီး တစ်ဦးကျ ၀င်ငွေ အများဆုံးနိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့ သည်။ လီကွမ်ယူ၏ ကမ္ဘာကျော်ထူးခြားသော စွမ်းဆောင် ရည်ကြောင့် စင်ကာပူနိုင်ငံသည် ကမ္ဘာ့ဘဏ္ဍာရေးဈေး ကွက်တွင်အဓိကနိုင်ငံအဖြစ် ပါဝင်လာခဲ့သည်။ ၎င်းသည် စင်ကာပူအစိုးရအဖွဲ့ကိုသန့်ရှင်းပြီးစွမ်းဆောင် ရည်မြင့်မားသည့်အစိုးရအဖွဲ့အဖြစ် ရပ်တည်နိုင်စေရန် ဦးတည်ဆောင် ရွက်ခဲ့သည်။

လီကွမ်ယူသည် စင်ကာပူနိုင်ငံ၏ ၀ါရင့်ဝန်ကြီး (Senior Minister) အဖြစ် ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလမှ ၂၀၀၄ ခုနှစ် သြဂုတ်လအထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ယင်းနောက်တွင် Minister Mentor အဖြစ် ၂၀၀၄ ခုနှစ် မှ ၂၀၁၁ ခုနှစ် မေလ ၂၁ ရက် အထိ တာဝန်ယူဆောင်ရွက်ခဲ့သည်။ လီကွမ်ယူသည် ကမ္ဘာ တစ်ခွင် ထင်ပေါ်ကျော် ကြားသော နိုင်ငံ အုပ်ချုပ်သူ တစ်ဦးအဖြစ် ကာလရှည်ကြာစွာထမ်းဆောင် နိုင်ခဲ့သည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ စတင်၍ လီကွမ်ယူ သည် ပြင်းထန်သော အဆုတ်ရောင်ရောဂါဖြင့် စင်ကာပူနိုင်ငံ အထွေထွေဆေးရုံကြီးတွင်သီတင်း ၆ ပတ်ကြာ တက်ရောက်ကုသမှုခံယူခဲ့ရာမှ မတ် ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၃နာရီ ၁၈မိနစ်တွင် ကွယ်လွန်ခဲ့သည်။

လီကွမ်ယူသည် ၁၉၅၀ ပြည့်နှစ်တွင် ကျောင်းနေဘက်ဖြစ်သူချုးနှင့် လက် ထပ် ခဲ့ သည်။ လက်ရှိစင်ကာပူ ၀န်ကြီး ချုပ် မစ္စတာလီရှန်လွန်းသည် မစ္စတာ လီကွမ် ယူ ၏ သားတစ်ဦးဖြစ် သည်။

လီကွမ်ယူသေဆုံးမှုသည် စင်ကာပူနိုင်ငံအတွက်သာမကအာဆီယံနှင့် ကမ္ဘာ အတွက် အားထား ရသည့် ၀ါရင့်ခေါင်းဆောင်ကြီး တစ်ဦးဆုံးရူံး ရခြင်း လည်း ဖြစ်သည်။

MOI Webportal Myanmar 

No comments:

Post a Comment