Monday 23 March 2015

ငြိမ်းချမ်းရေးဆွေးနွေးစဉ် အစိုးရတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြန်ဖြစ်

ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နေစဉ် အစိုးရတပ်နှင့် ကေအိုင်အေ တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး အစိုးရဘက် ကတိုက်လေယာဉ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကေအိုင်အေ မှ သ တင်းရရှိသည်။

မတ်လ ၂၂ ရက်က မန်စီ မြို့နယ် မဒန်ယန်နှင့် ကိုက်ထိပ် ကျေးရွာကြား ကေအိုင်အေ တပ် မဟာ (၃) လက်အောက်စခန်းကို အစိုးရတပ်ဘက်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။ ထို့အပြင် အစိုးရတပ်ဘက်က ၁၂၀ မမ လက်နက်ကြီးများဖြင့် လည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

အဆိုပါနေရာတွင် မတ်လ ၂၁ ရက်ကလည်း အစိုးရတပ် တပ်မ ၈၈ လက်အောက်ခံတပ် များနှင့် ကေအိုင်အေ တပ်မဟာ (၃) တို့ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည်။ 

အစိုးရဘက်မှ လေကြောင်း နှင့် လက်နက်ကြီးများ အသုံးပြု ပစ်ခတ်နေခြင်းနှင့် ပတ်သက်၍ ‘‘ဒီကိစ္စကို ရန်ကုန်မှာ အစည်းအ ဝေးလုပ်နေသူတွေကို အချိန်မီ လှမ်းပြောခဲ့တယ်။ တပ်မတော် ခေါင်းဆောင်တွေက ချက်ချင်း ရပ်ပေးမယ်လို့ ပြောတယ်လို့ သိ ရတယ်။ ဒါပေမဲ့ အခုထိ ပစ်နေ တုန်းပဲ (လက်နက်ကြီး)’’ ဟု ဦး လနန်က မတ်လ ၂၂ ရက် ညနေ တွင် ပြောသည်။ 

ရန်ကုန်မြို့တွင် ပြုလုပ်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၌ ကေအိုင်အိုမှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွန်မော် ပါဝင်သော ကိုယ် စားလှယ်အဖွဲ့ တက်ရောက်နေ သည်။ အထက်ပါ ကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ် (မပခ) သို့ ဆက်သွယ်မေး မြန်းခဲ့သော်လည်း အဆက်အ သွယ်မရခဲ့ပေ။ 

တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) ဒုခေါင်း ဆောင် ဖဒိုစောကွယ်ထူးဝင်းကမူ အထက်ပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသော်လည်း သစ်ကိစ္စနှင့် ပတ်သက်၍ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ရသည်ဟု သိရ ကြောင်း မတ်လ ၂၁ ရက် ဆွေး နွေးပွဲအပြီး ရှင်းလင်းပွဲတွင် မီဒီ ယာများအား ဖြေကြားသည်။

မူလက ခြောက်ရက်ပြုလုပ် ရန်စီစဉ်ထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ ညှိနှိုင်း ရန် အချက်အချို့ ကျန်ရှိနေခြင်းကြောင့် မတ်လ ၃၀ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။

7Day DAILY

No comments:

Post a Comment