Monday 23 March 2015

နေပြည်တော်-မကွေး ကားလမ်းဘေးတွင် အသတ်ခံရသည့် အမျိုးသမီးအမှုမှ သေနတ်ကျည်ခွံမှာ ၉မမပြောင်းချော သေနတ်များတွင် အသုံးပြုသည့် ကျည်ဆန် ဖြစ်ဟု စစ်ဆေးတွေ့ ရှိ

မကွေး(ကံပြား)ကားလမ်းအနီးတွင် မီးရှို့အသတ်ခံခဲ့ရသည့် အမျိုးသမီး၏ အနီးတွင် တွေ့ရှိခဲ့သော သေနတ် ကျည်ဆန် အမျိုးအစားမှာ (၉မမ)ပြောင်းချော သေနတ်များတွင် အသုံးပြုသည့်ကျည် ဆန်ဖြစ်သည်ဟု ယင်းအမှုကို ကိုင် တွယ်သူ တက်ရှိန်းနယ်မြေရဲစခန်း မှ ရဲအုပ်တင့်လွင်က ပြောသည်။

ကျည်ခွံကို စီအိုင်ဒီမှ ကျွမ်းကျင် ပညာရှင်များက စစ်ဆေးရာ ယခု ကဲ့သို့စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေ ဆုံးသူအမျိုးသမီးနှင့်ကိုးပေအကွာတွင် အဆိုပါကျည်ဆန်ခွံတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး တက် ရှိန်းနယ်မြေရဲစခန်းမှ ရဲအုပ်တင့် လွင်က''သေဆုံးသူအမျိုးသမီးရဲ့ နာ မည် ကတော့ မသိသေးဘူး။ ရတဲ့အ ချက်အလက်တွေစုဆောင်းပြီး အမှု မှန်ပေါ်အောင်တော့ လုပ်ဆောင်နေ ပါတယ်။ သေဆုံးသူရဲ့နာမည်ကို မသိရသေးတဲ့အတွက် အမှုစုံစမ်းဖော် ထုတ်ရာမှာ အခက်အခဲဖြစ်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာ တွေနဲ့ တာဝန်ရှိသူတော်တော်များ များ အကူအညီပေးနေပါတယ်။ ဒီ ကျည်ဆန်က (၉မမ) ပြောင်းချောသေ နတ်တွေမှာ အသုံးပြုတာပါ''ဟု ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း က စီအိုင်ဒီမှ ကျည်ခွံကိုစစ်ဆေးရာမှ ယခုကဲ့သို့ပြောင်းချောအမျိုးအစား ကျည်ခွံဖြစ်သည်ဟု တွေ့ရှိ ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးတွင် သေ နတ်ဒဏ်ရာနှစ်ချက်ရရှိပြီး မီးရှို့ကာ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးဝတ်ဆင်ထားသော ဖန်စီလည်ဆွဲနှင့်ဟန်းချိန်းကို စစ်ဆေးရာတွင်လည်း အဆိုပါပစ္စည်းများသည် စိန်အစစ်ဖြင့် ပြုလုပ်ခဲ့သည် ကိုတွေ့ရှိခဲ့ရကြောင်း တက်ရှိန်းရဲစခန်းမှ သိရသည်။

ယင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက''ပြောင်းချောသေနတ် ဆိုတာ စစ်တပ်တို့၊ ရဲတို့မှာအ သုံးပြုတာတော့ နည်းပါတယ်။ အဓိ ကကတော့ အမဲလိုက်မုဆိုးတွေ အ သုံးပြုကြတာများပါတယ်''ဟု သုံးသပ် ပြောဆိုသည်။

ယင်းအမှုမှာ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၈နာရီခန့်က နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မကွေး (ကံပြား) ကားလမ်း မကွေးဘက်မှနေပြည်တော် သို့ လာသောလမ်းမဘေးမိုင်တိုင် အမှတ်(၃/၃-၄)အကြား ကား လမ်း အရှေ့ဘက်တွင် မီးလောင်ကျွမ်းထား ပြီး ခွေးတချို့ကုတ်ဖဲ့စားထားသည့် အသက် ၂ဝခန့်ရှိ အမျိုး သမီးတစ် ဦး၏ရုပ်အလောင်းတစ်ခုကို ပက်လက် အနေအထားတွေ့ခဲ့ရသည်ဟု တက်ရှိန်းရဲစခန်းမှ စုံစမ်း သိရှိရသည်။

KMZ
‪Democracytoday‬

No comments:

Post a Comment