Monday 23 March 2015

ဝန်ကြီးများရုံးဟောင်းဝင်းအတွင်း မွေးနေ့ပွဲကျင်းပခြင်းကို လူမှုကွန်ရက်တွင် ဝေဖန်နေ

ရန်ကုန်− မြန်မာ့လွတ်လပ်ရေး သမိုင်း၏ အထင်ကရ အမွေအနှစ် အဆောက်အအုံဖြစ်သော ၀န်ကြီးများ ရုံးဟောင်းဝင်းအတွင်း မတ် လ ၂၁ ရက် ညက မွေးနေ့ပါတီ ပွဲတစ်ခုကျင်းပခဲ့ပြီး အနုပညာရှင် အချို့နှင့် အာဏာရှင်ဟောင်း ဦး နေ၀င်း၏မြေး အေးနေ၀င်းတို့ တက်ရောက်ခဲ့ကြပုံများ လူမှုကွန် ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီး မျှဝေသူနှင့်ဝေဖန်သူ အများအပြားရှိနေသည်။

ဝန်ကြီးများ ရုံးဝင်းအတွင်း မြက်ခင်းပြင်တွင် မီးရောင်ထိန် ထိန်ညီးနေသော မွေးနေ့ပွဲဓာတ်ပုံ များကို အေးနေ၀င်း က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စတင်ဖြန့်ဝေခဲ့သည်။ မွေးနေ့ရှင်မှာ ဒုဗိုလ်ချုပ်ကြီး ဟောင်း ထွန်းကြည်၏သမီး မသီသီထွန်းဟု ဆိုသည်။ မွေးနေ့ပွဲအကြောင်း တွေ့လိုက်ရသူ အများအပြားက ထိုဖြစ်ရပ်ကို လက်မခံနိုင်ကြောင်း၊ ကန့်ကွက်ကြောင်းများ ဝေဖန် ရေးသားနေကြသည်။ မတ်လ ၂၂ ရက် ည ၈ နာရီခွဲအချိန်တွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လည်း ထိုမွေးနေ့ပွဲအကြောင်း ထပ်ဆင့်ဖြန့်ဝေကာ ‘‘ဒီလုပ်ရပ်ကို ကိုသန့်မြင့်ဦးတို့၊ YHT အနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါ တယ်’’ ဟု ရေးသားခဲ့သည်။ ယင်း နောက် ဆယ်မိနစ်ခန့်အကြာတွင် ၀န်ကြီးက သူ၏ စာကို ‘‘ဒီလုပ်ရပ် ကို ကျွန်တော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အအုံပြုပြင်ထိန်း သိမ်းရေးကို ကိုသန့်မြင့်ဦးတို့ YHT နဲ့ ပူးပေါင်းဆောင်ရွက်နေ တယ်လို့ပဲ နားလည်ထားပါတယ်။ ဒါကြောင့် YHT အနေနဲ့ ပြန်သုံး သပ်သင့် တယ်လို့ ထင်ပါတယ်’’ ဟု ပြန်လည်ပြင်ဆင်ရေးသားခဲ့သည်။ ၀န်ကြီးများရုံးတွင် ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရ သော သမိုင်းဝင်အဆောက်အအုံ ဖြစ်သည်။ သမိုင်းဝင် အဆောက်အအုံ တွင် မွေးနေ့ပွဲကျင်းပသည့်အတွက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက ဝေဖန်နေကြ သည်။

ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြားတွင် တည်ရှိပြီး ၁၅ ဧကကျော် ကျယ်ဝန်းသော ၀န်ကြီးများရုံးကို ပြတိုက်အပါအ၀င် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၅ ဇန်န၀ါရီ ၁၆ ရက်တွင် ခွင့်ပြုပေးခဲ့သည်။ ပြတိုက်အပါအ၀င် ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ပိုင်ခွင့်ကို နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ရရှိသွားသော အနော်မာအနုပညာ လုပ်ငန်းစု၏ ပိုင်ရှင်များတွင် ဒုဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည်၏ သမီးများ ပါဝင်ကြောင်း သတင်းရရှိသည်။

အနော်မာ အနုပညာလုပ်ငန်းစုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူများထံသို့ 7Day Dailyက မတ်လ ၂၂ ရက်ညတွင် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

7Day DAILY

No comments:

Post a Comment