Monday 23 March 2015

နိုင်ငံကူးလက်မှတ် ကိစ္စကြောင့် ရှေ့နေနှစ်ဦး ပြည်ပ ခရီးစဉ်ပျက်

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo:Kyaw Zaw Win/RFA
နိုင်ငံကူးလက်မှတ် ကြန့်ကြာနေတဲ့အတွက် လူ့အခွင့် အရေးရှေ့နေနှစ်ဦး ရဲ့ ပြည်ပခရီးစဉ်တွေ ပျက်ပြားသွား ရကြောင်း သိရပါတယ်။

ဗဟိုတရားရုံးရှေ့နေ ဦးရောဘတ်စန်းအောင်ရဲ့ နိုင်ငံကူး လက်မှတ်ကို ပြည်ထဲရေး ၀န်ကြီးဌာန၊ ရဲသတင်း တပ်ဖွဲ့ က ပြန်ထုတ်ပေးလိုက်ပေမယ့်၊ မန္တလေးက မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်အဖွဲ့ဝင် ဦးသိန်းသန်းဦး ကိုတော့ ပြန်ထုတ်မပေးသေးဘူးလို့ ဦးရောဘတ် စန်းအောင်က မနေ့က ပြောကြားပါတယ်။

"RFA သတင်းဌာနကနေ ၁၉ ရက်နေ့ သတင်းပါ လာပြီးတဲ့အခါကျတော့ ၂၀ ရက်နေ့ နေ့လည်မှာ ကျနော့် ကို ဖုန်းနဲ့ခေါ်တယ်၊ ပတ်စ်ပို့ဌာနက၊ ရဲသတင်းတပ်ဖွဲ့ကပေါ့၊ အဲဒါ သွားတဲ့အခါကျတော့ ပတ်စ်ပို့ရပြီ ဆိုတဲ့အကြောင်း ပြောပြီးတော့ ထုတ်ပေးလိုက်ပါ တယ်၊ ကိုသိန်းသန်းဦးကတော့ အခုထိရတယ် လို့တော့ မကြားသေးပါဘူး"

ဦးသိန်းသန်းဦးနဲ့ ဦးရောဘတ်စန်းအောင်တို့ နှစ်ဦးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ အမှုတွေမှာ လိုက်ပါဆောင် ရွက်ပေးတဲ့ ရှေ့နေတွေ ဖြစ်ကြပါတယ်။

အခု နိုင်ငံကူးလက်မှတ် ပြန်ရပေမယ့် စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေ ပျက်သွားပြီလို့ ဦးရောဘတ် စန်းအောင် က ပြောပါတယ်။

"၂ ယောက်စလုံး ခရီးစဉ်ပျက်သွားတယ်၊ ပတ်စ်ပို့တစ်ခုကို သတ်မှတ်တဲ့ရက်မှာ ထုတ်ပေးရမယ့်ဟာကို ပျက်ကွက် တယ်ဆိုတာတော့ မကောင်းဘူးပေါ့၊ ကျနော့် ခရီးစဉ်တွေပျက်သွားတယ်၊ ၂၀ ရက်နေ့ ထိုင်းသွား ရမယ့် ခရီးစဉ်ပျက်တယ်၊ သင်္ကြန်တွင်းကာလ သြစတေးလျကို သွားရမယ့် ခရီးစဉ်ပျက်တယ်"

ရှေ့နေ ဦးသိန်းသန်းဦးဟာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်လွှာကို ဇန်န၀ါရီလကတည်းက တင်ထားခဲ့ပြီး၊ ရက်ချိန်းပေးထားတဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ သွားရောက်ထုတ်ယူတဲ့အခါ ပြန်မရတော့ဘူးလို့ သိရပါတယ်။

VOA Burmese 

No comments:

Post a Comment